သို့....မေမေ
ဘဝကထင်သလောက် မချိုမြဘူး မေမေ...
ဒီကနေ့အထိ ဘဝခရီးကို
သားလျှောက်လှမ်းခဲ့ပြီးပေမဲ့
အခုချိန်ထိ
လူတစ်ယောက်ရဲ့အကြောင်းတောင်
ကောင်းကောင်း မသိခဲ့သေးပါဘူး,..
သားသွားရမဲ့ဘဝခရီးလမ်းတစ်လျှောက် ရောက်ရှိလာတဲ့ အဆီးအတားများကို
မေမေရဲ့အားနဲ့ပဲ ကျော်ဖြတ်နိုင်ခဲ့တယ်
ခါးသီးတဲ့အတွေ့အကြုံများကြား
ပျော့ညံ့တဲ့စိတ်ဓာတ်တွေနဲ့
အားလျှော့မသွားစေဖို့အတွက်
မေမေ့ လက်ကိုဆုပ်ကိုင်ထားခွင့်ပေးပါ...
အေးစက်စက်ဒီလောကကြီးမှာ
ခံနိုင်ရည်ရှိဖို့အတွက်
လိုအပ်တဲ့ စိတ်ဓာတ်အင်အားများ
သားကို မေမေကသာ ပေးနိုင်လိမ့်မယ်...
မိုးကောင်းကင်ကြီးအောက်မှာ
သားတစ်ယောက်ထဲ လျှောက်လှမ်းရတဲ့အခါ လဲကျသွားတိုင်းပြန်ထ
မကြောက်တရားများနှင့်ဆက်လျှောက်ဖို့
မေမေ ပို့ချပေးခဲ့တယ်...
ကြမ်းတမ်းလှတဲ့အခက်အခဲများအောက်
ရဲရဲရင့်ရင့်လျှောက်ပြီး
ဒူးမထောက်တတ်ဖို့ကိုလဲ
မေမေ ကပဲသင်ကြားပေးခဲ့တာပါ.
အပေါ်ယံသကြားအုပ်ကာ
အတွင်းက ဆေးခါးလို
လူတွေနဲ့ တွေ့ကြုံဆက်ဆံရတဲ့ အခါတိုင်း
ဘယ်သူတရားပျက်ပျက်
ကိုယ်တရားမပျက်ဖို့ သင်္ခန်းစာ
မေမေက ကြေညက်စေခဲ့တယ်...
ဘဝမှာ တစ်စိတ်တစ်ပိုင်းသာ
အရေးပါတဲ့အချစ်ကို ကိုးကွယ်မှား
ဦးတည်ချက်ပျောက်မသွားစေဖို့ဆိုတာလဲ
မေမေရဲ့မှာကြားချက်တစ်ခုပါ...
ရေများရာ မိုးရွာတတ်သူတွေနဲ့
မမျှတတဲ့ လောကဓံများအကြား
ဘယ်လိုယုံကြည်ချက်တရားနှင့်
မေမေကြံကြံခံ နေနိုင်ခဲ့ပါလိမ့်...
လက်ဦးဆရာဖြစ်တဲ့ မေမေရဲ့
ပို့ချသင်္ခန်းစာများ သားဘဝတစ်သက်တာ
ယူလို့မကုန်နိုင်ပါဘူးလေ.....
သူများတကာတွေလိုပညာ,ဥစ္စာ
မပြည့်ဝခဲ့လည်း
သားအတွက်တော့မေမေဟာ
ဘက်ပေါင်းစုံကကျွမ်းကျင်တဲ့
ဆရာတစ်ဆူ ပါရဂူတစ်ဦးပါပဲ...
ဘဝကထင်သလောက်...
မချိုမြဘူးမေမေ...
ဒါပေမဲ့လဲ...
မေမေပေးတဲ့အားများနှင့်
သား ဆက်လျှောက်နေအုံးမှာပါ ။ ။
ဘဝကထင်သလောက် မချိုမြဘူး မေမေ...
ဒီကနေ့အထိ ဘဝခရီးကို
သားလျှောက်လှမ်းခဲ့ပြီးပေမဲ့
အခုချိန်ထိ
လူတစ်ယောက်ရဲ့အကြောင်းတောင်
ကောင်းကောင်း မသိခဲ့သေးပါဘူး,..
သားသွားရမဲ့ဘဝခရီးလမ်းတစ်လျှောက် ရောက်ရှိလာတဲ့ အဆီးအတားများကို
မေမေရဲ့အားနဲ့ပဲ ကျော်ဖြတ်နိုင်ခဲ့တယ်
ခါးသီးတဲ့အတွေ့အကြုံများကြား
ပျော့ညံ့တဲ့စိတ်ဓာတ်တွေနဲ့
အားလျှော့မသွားစေဖို့အတွက်
မေမေ့ လက်ကိုဆုပ်ကိုင်ထားခွင့်ပေးပါ...
အေးစက်စက်ဒီလောကကြီးမှာ
ခံနိုင်ရည်ရှိဖို့အတွက်
လိုအပ်တဲ့ စိတ်ဓာတ်အင်အားများ
သားကို မေမေကသာ ပေးနိုင်လိမ့်မယ်...
မိုးကောင်းကင်ကြီးအောက်မှာ
သားတစ်ယောက်ထဲ လျှောက်လှမ်းရတဲ့အခါ လဲကျသွားတိုင်းပြန်ထ
မကြောက်တရားများနှင့်ဆက်လျှောက်ဖို့
မေမေ ပို့ချပေးခဲ့တယ်...
ကြမ်းတမ်းလှတဲ့အခက်အခဲများအောက်
ရဲရဲရင့်ရင့်လျှောက်ပြီး
ဒူးမထောက်တတ်ဖို့ကိုလဲ
မေမေ ကပဲသင်ကြားပေးခဲ့တာပါ.
အပေါ်ယံသကြားအုပ်ကာ
အတွင်းက ဆေးခါးလို
လူတွေနဲ့ တွေ့ကြုံဆက်ဆံရတဲ့ အခါတိုင်း
ဘယ်သူတရားပျက်ပျက်
ကိုယ်တရားမပျက်ဖို့ သင်္ခန်းစာ
မေမေက ကြေညက်စေခဲ့တယ်...
ဘဝမှာ တစ်စိတ်တစ်ပိုင်းသာ
အရေးပါတဲ့အချစ်ကို ကိုးကွယ်မှား
ဦးတည်ချက်ပျောက်မသွားစေဖို့ဆိုတာလဲ
မေမေရဲ့မှာကြားချက်တစ်ခုပါ...
ရေများရာ မိုးရွာတတ်သူတွေနဲ့
မမျှတတဲ့ လောကဓံများအကြား
ဘယ်လိုယုံကြည်ချက်တရားနှင့်
မေမေကြံကြံခံ နေနိုင်ခဲ့ပါလိမ့်...
လက်ဦးဆရာဖြစ်တဲ့ မေမေရဲ့
ပို့ချသင်္ခန်းစာများ သားဘဝတစ်သက်တာ
ယူလို့မကုန်နိုင်ပါဘူးလေ.....
သူများတကာတွေလိုပညာ,ဥစ္စာ
မပြည့်ဝခဲ့လည်း
သားအတွက်တော့မေမေဟာ
ဘက်ပေါင်းစုံကကျွမ်းကျင်တဲ့
ဆရာတစ်ဆူ ပါရဂူတစ်ဦးပါပဲ...
ဘဝကထင်သလောက်...
မချိုမြဘူးမေမေ...
ဒါပေမဲ့လဲ...
မေမေပေးတဲ့အားများနှင့်
သား ဆက်လျှောက်နေအုံးမှာပါ ။ ။