Saturday, August 16, 2014

အလွမ်း - KO Naw

အလွမ်း - KO Naw
======
နာမည်သာလှတာ ခံစားရသူရင်ထဲမှာ
နင့်လို့.......။

ခွဲခွာသွားရတယ်
ပြန်ဆုံကြတော့မယ် ရည်ရွယ်ရာကွဲပြားကြပေမဲ့
ခံစားရတဲ့အလွမ်းချင်းကအတူတူ....။

ကိုယ့်မှာသာအတောင်ပံရှိရင်
ဟိုသီချင်းလေးလို
အတောင်ပံပါရင်မင်းဆီကို ဆိုပြီး ညည်းမိမလားပဲ။

တောင်ပံတဖက်ထဲနဲ့ငှက်က
ပျံဖို့ခက်သလိုပဲ အလွမ်းတဖက်နဲ့ အဆင်ပြေပါ့မလားတွေးပူမိတယ်။

အလွမ်းဆိုတာအတားဆီးမရှိဘူး
ချစ်သူနှစ်ဦးကြား မောင်နှမကြား
မိဘနဲ့သားသမီးကြားမှာ
ကြုံနေကြ လောကဓံပဲ။

ဆေးခါးကိုမသောက်ချင်ပဲ သောက်ကြသလိုပဲ
အလွမ်းဆိုတာမသောက်ချင်လဲ
သောက်ကြရတဲ့ ပါရာစီတမော တမျိုးပါ......။

+++++++++++++

ကိုနော်