နှုတ်တိုက်ချပေးသော ကဗျာတစ်ပုဒ်
နံရံမှာနားတွေရှိတယ်
တိုးတိုးပြောကြ ကိုယ့်လူတို့
ဗရုတ်ကျတဲ့ဖရုသဝါစာတွေ
ပေါက်ကြားကုန်လိမ့်မယ်
နောက်ကျောမှာ မျက်လုံးတွေရှိတယ်
မလှုပ်လိုက်နဲ့ ကိုယ့်လူတို့
မိုက် ရိုင်းတဲ့စရိုက်တွေ
အငိုက်မိကုန်လိမ့်မယ်
ဒိဗ္ဗမဟုတ်တာသေချာပေမယ့်
စိတ်မချရဘူး...
သူတို့သိတယ်....
သူတို့ကြားတယ်....
အမှားရဲ့အလယ်
ငါတို့မရောက်စေနဲ့
ကိုယ့်ကိုယ်စောင့်နတ်လည်း
ပြန်မေးကြဦး
"မင်းသူလျှိုလား"လို့....
ရင် ကိုင်း ခတ်
နံရံမှာနားတွေရှိတယ်
တိုးတိုးပြောကြ ကိုယ့်လူတို့
ဗရုတ်ကျတဲ့ဖရုသဝါစာတွေ
ပေါက်ကြားကုန်လိမ့်မယ်
နောက်ကျောမှာ မျက်လုံးတွေရှိတယ်
မလှုပ်လိုက်နဲ့ ကိုယ့်လူတို့
မိုက် ရိုင်းတဲ့စရိုက်တွေ
အငိုက်မိကုန်လိမ့်မယ်
ဒိဗ္ဗမဟုတ်တာသေချာပေမယ့်
စိတ်မချရဘူး...
သူတို့သိတယ်....
သူတို့ကြားတယ်....
အမှားရဲ့အလယ်
ငါတို့မရောက်စေနဲ့
ကိုယ့်ကိုယ်စောင့်နတ်လည်း
ပြန်မေးကြဦး
"မင်းသူလျှိုလား"လို့....
ရင် ကိုင်း ခတ်