*လွမ်းတတ် ရာရာ*
အမှတ်တရ နေ့ရက်များဆီ
ရောက်သွားခိုက် အလွမ်းတွေက
ကမ်းပြိုအောင်တိုက်စား
ဒဏ်ရာများနဲ့ လှိုက်စားလို့ခံခဲ့ရပေါ့
ညီမလေးရေလွမ်းစရာတွေ
မကုန်သရွေ့တော့
အနမ်းခြေရာတွေဆုံတွေ့နေရသလို
ဝဋ်ကြွေးတွေမေ့ထားလို့တော့မရ
သြော်ရင် ထဲမှာ နွမ်းလျလျ
ခိုရာမဲ့ငါ့လွမ်းလိပ်ပြာ
ပျံသန်းရင်းပဲခိုနားခဲ့ရ
အမှားများ ရင်ဘတ်ထဲမှာ
အစားများသွားခဲ့သလား မသိပါဘူး
မချိတင်ကဲနဲ့ညီမလေးရယ်
ရင်ထဲမှာတော့
အောင့်သက်သက်
နောက်ထပ်
စောင် တစ်ထပ်လွှမ်းလို့
သာခြုံလိုက်ပါတော့မယ်
မျက် ရည်စို့စို့မို့
အလွမ်းတွေအအေး ပတ်မှာစိုးရတယ်
ညီမ လေးရယ်
လွမ်းတယ် လွမ်းပဲလွမ်းတယ်
ရင် ကိုင်း ခတ်
အမှတ်တရ နေ့ရက်များဆီ
ရောက်သွားခိုက် အလွမ်းတွေက
ကမ်းပြိုအောင်တိုက်စား
ဒဏ်ရာများနဲ့ လှိုက်စားလို့ခံခဲ့ရပေါ့
ညီမလေးရေလွမ်းစရာတွေ
မကုန်သရွေ့တော့
အနမ်းခြေရာတွေဆုံတွေ့နေရသလို
ဝဋ်ကြွေးတွေမေ့ထားလို့တော့မရ
သြော်ရင် ထဲမှာ နွမ်းလျလျ
ခိုရာမဲ့ငါ့လွမ်းလိပ်ပြာ
ပျံသန်းရင်းပဲခိုနားခဲ့ရ
အမှားများ ရင်ဘတ်ထဲမှာ
အစားများသွားခဲ့သလား မသိပါဘူး
မချိတင်ကဲနဲ့ညီမလေးရယ်
ရင်ထဲမှာတော့
အောင့်သက်သက်
နောက်ထပ်
စောင် တစ်ထပ်လွှမ်းလို့
သာခြုံလိုက်ပါတော့မယ်
မျက် ရည်စို့စို့မို့
အလွမ်းတွေအအေး ပတ်မှာစိုးရတယ်
ညီမ လေးရယ်
လွမ်းတယ် လွမ်းပဲလွမ်းတယ်
ရင် ကိုင်း ခတ်