(ဒီဘဝတွက်တော့ဝေးပါစေ)
ကြင်နာမြတ်နိုး ချစ်စိတ်ပျိုးလည်း
အသွင်တမျိုး လွန်ရုပ်ဆိုးမို့
လှပဆက်နွယ် လှမျိုးသွယ်က
အပြုံးမဲ့စွာ အမုန်းနဲ့သာ
နုတ်ဆက်ခဲ့လေတယ်
ဘဝအဆက်ဆက်က
ဝဋ်ကြွေးလားမသိပေါ့
ဂုဏ်ပကာသနကြားမှာ
အလှတရားဝင်ကြွားနေတဲ့
လှမျိုးသွယ်ရေ
အချစ်ကံမကောင်း အကြောင်းမလှခဲ့လို့
ဝေးရပေမဲ့ ဘဝတသက်တာ
ငြိမ်းအေးရာမှန်းလို့
ရွှေဝါရောင်မြတ်သင်္ကန်းနှင့်
ဗုဒ္ဓအမွှေနှစ် ဓမ္မစစ်ကိုရှာဖွေဖို့
သာသနာဘောင်သို့
တက်လှမ်းဝင်ရောက်ရင်း
ပရိယတ်ကို ခင်တွယ်....
ပဋိပတ်ကို မြတ်နိုးကာ....
သာသနာပြုတော့မှာမို့
ဒီဘဝတွက်တော့ ဝေးပါစေတော့ကွယ်
(ရင်တွင်းဖြစ်)စိုင်းဟေမာန်
ကြင်နာမြတ်နိုး ချစ်စိတ်ပျိုးလည်း
အသွင်တမျိုး လွန်ရုပ်ဆိုးမို့
လှပဆက်နွယ် လှမျိုးသွယ်က
အပြုံးမဲ့စွာ အမုန်းနဲ့သာ
နုတ်ဆက်ခဲ့လေတယ်
ဘဝအဆက်ဆက်က
ဝဋ်ကြွေးလားမသိပေါ့
ဂုဏ်ပကာသနကြားမှာ
အလှတရားဝင်ကြွားနေတဲ့
လှမျိုးသွယ်ရေ
အချစ်ကံမကောင်း အကြောင်းမလှခဲ့လို့
ဝေးရပေမဲ့ ဘဝတသက်တာ
ငြိမ်းအေးရာမှန်းလို့
ရွှေဝါရောင်မြတ်သင်္ကန်းနှင့်
ဗုဒ္ဓအမွှေနှစ် ဓမ္မစစ်ကိုရှာဖွေဖို့
သာသနာဘောင်သို့
တက်လှမ်းဝင်ရောက်ရင်း
ပရိယတ်ကို ခင်တွယ်....
ပဋိပတ်ကို မြတ်နိုးကာ....
သာသနာပြုတော့မှာမို့
ဒီဘဝတွက်တော့ ဝေးပါစေတော့ကွယ်
(ရင်တွင်းဖြစ်)စိုင်းဟေမာန်