Wednesday, September 3, 2014

အဖေ မဲ့သား.... စိုင်းဟေမာန်

(အဖေ မဲ့သား)

ကျွန်ုပ်အရွယ် သုံးလရယ်က
လောကကြီးဝယ် လူထုလယ်၌
အဖေစွန့်ပစ် ခွဲခွါလစ်၍
အမေရင်မှာ ကြီးပြင်းခဲ့ရပါသည်

အဖေမဲ့သား ရေနည်းငါးလို
အားငယ်တမ်းတ မျက်ရည်စနှင့်
အမှောင်ရိပ်မှာ မိခင်မာတာ
မသိရှာအောင် ရှိုက်ကာအောင့်ပြီး
ငိုခဲ့ရပါသည်

ရက်စက်တဲ့ကံကြမ္မာ ပစ်ရက်တဲ့
အဖေခမျာကြောင့် သားငယ်လူလေး
မျက်ရည်စတွေ တစပ်ဟပ်စီးဆင်း
ငိုပွဲကြီးကား မပြီးခဲ့ပေါ့ကွယ်

အဖေ မဲ့သား ကျွန်ုပ်၏
ရင်လှိုင်းခတ်သံ ဖြစ်ရပ်မှန်ကြောင့်
အဖေ ရဲ့စွန်ပစ်မှု့များ ကင်းစေသား ဟု
ရင်တွင်းဆန္ဒ ဖော်ကာပြသည်
ကဗျာချစ်သော လူငယ် သို့

(ရင်တွင်းဖြစ်)စိုင်းဟေမာန်