Wednesday, September 3, 2014

ဝေး.....​နောင်​ရိုး{​ကြောင်​စာ}

ဝေး.....

ချစ်​သူ....
ခဏတာ​ပျော်​ရွှင်​ခဲ့ရခြင်းက
တစ်​ဘဝစာ​ဝေဒနာ​တွေအတွက်
တန်​ရာတန်​​ကြေးလား?

အနိစ္စဆိုတဲ့တရားက
ငါတို့အတွက်​ရက်​စက်​လွန်းလှတယ်​​လေ

အချစ်​က
အခိုးအ​ငွေ့​တွေကို
ဖမ်းဆုပ်​ကိုးကွယ်​​နေရခြင်းပဲ​လေ...။

ချစ်​ခြင်းရဲ့ခန်းဆီးကို​လေတိုက်​ခြင်းအတူတူ
တခြားသူ​တွေအတွက်​​တော့​လေညှင်း
သိပ်​ချစ်​တဲ့ငါတို့ရဲ့
ခန်းဆီး​လေးအတွက်​​တော့

ဘာ​ကြောင့်​​လေပြင်း​တွေထန်​ခဲ့ရတာလဲ?...
အခု​တော့ ငါတို့.........
မကွာ​ပေမယ့်​ ​ဝေးခဲ့ရပြီ​လေ......။ ။

နောင်​ရိုး{​ကြောင်​စာ}