Wednesday, September 3, 2014

အလွမ်း - စိုင်းဟေမာန်

(အလွမ်း)

လွမ်းတဲ့အခါတိုင်း သူလာရာလမ်းကို
မှန်းဆလို့အခါခါ မျှော်ကာကြည့်မိတယ်

တခါမှ ပေါ်မလာဘူးကွယ်
လူခြေတိတ်တဲ့ လမ်းဆုံတစ်ခုမှာ
ဝေဒနာတွေ ကကွက်မျိုးစုံနှင့်
အတွင်းသန္တာန်မှာ အပူတွေဖုံး
ဝမ်းနည်းခြင်း အတွေးကြောင့်
မာကျောတဲ့နှလုံးသားလည်း
အက်အက်ကွဲလို့ လာရာလမ်းသို့ပြန်
အထီးကျန်ဆန်တဲ့ ငါ့ ခြေလှမ်းတွေ
အရင်လို မသွက် သမင်လည်ပြန်
အကြည့်နဲ့ ခရီးဆက်ရင်း
အလွမ်းတွေကိုတော့
မေ့ဖျောက်လို့မရခဲ့ဘူး

ချစ်သူရေ
လွမ်းမြဲတိုင်း လွမ်းနေဆဲပါပဲချစ်သူ---

(ရင်တွင်းဖြစ်)စိုင်းဟေမာန်