တစ်ခါတစ်လေ
နာကျင်ရမယ့် အတူတူမို့ ခေါက်သိမ်းလိုက်ရတဲ့
အလွမ်းတွေရှိတယ်
တစ်ခါတစ်လေ
နားထောင်မယ့် သူမရှိလို့
ခံစားချက်ပြည့်
နုတ်ဆိတ်နေရတာတွေရှိတယ်
တစ်ခါတစ်လေ
လက်ခံပေးတိုင်း ရယူချင်သူတွေကြောင့်
မပေးချင်ပဲ ပေးဆပ်လိုက်ရတာတွေရှိတယ်
တစ်ခါတစ်လေ
ငိုချင်ပေမယ့် အသက်အရွယ်ကြောင့်
ပြုံးလိုက်ရတဲ့ ရင့်ကျက်မှုတွေရှိတယ်
တစ်ခါတစ်လေပေါင်း များစွာကို ကျော်ဖြတ်နေသည့်တိုင်
မထင်မှတ်တဲ့ တိုက်ပွဲတိုင်းမှာ
တစ်ခါတစ်လေ တွေ
အမြဲပါဝင်နေတတ်လို့
ခွင့်လွတ်ခြင်းကို စွန့်ပစ်ချင်လောက်အောင်
ပင်ပန်းချိန်တွေလဲ ရှိတယ် . . . . . ။
နာကျင်ရမယ့် အတူတူမို့ ခေါက်သိမ်းလိုက်ရတဲ့
အလွမ်းတွေရှိတယ်
တစ်ခါတစ်လေ
နားထောင်မယ့် သူမရှိလို့
ခံစားချက်ပြည့်
နုတ်ဆိတ်နေရတာတွေရှိတယ်
တစ်ခါတစ်လေ
လက်ခံပေးတိုင်း ရယူချင်သူတွေကြောင့်
မပေးချင်ပဲ ပေးဆပ်လိုက်ရတာတွေရှိတယ်
တစ်ခါတစ်လေ
ငိုချင်ပေမယ့် အသက်အရွယ်ကြောင့်
ပြုံးလိုက်ရတဲ့ ရင့်ကျက်မှုတွေရှိတယ်
တစ်ခါတစ်လေပေါင်း များစွာကို ကျော်ဖြတ်နေသည့်တိုင်
မထင်မှတ်တဲ့ တိုက်ပွဲတိုင်းမှာ
တစ်ခါတစ်လေ တွေ
အမြဲပါဝင်နေတတ်လို့
ခွင့်လွတ်ခြင်းကို စွန့်ပစ်ချင်လောက်အောင်
ပင်ပန်းချိန်တွေလဲ ရှိတယ် . . . . . ။