အဆင်မပြေတဲ့ နေ့ - သစ္စာနီ
အဲဒီနေ့က
ကျွန်တော့်ကောင်မလေး စိတ်ကောက်နေတယ်
ဟစ်တလာက စစ်ကြေငြာခဲ့တယ်
ပန်းသီးတစ်လုံး မြေပေါ် ကြွေကျခဲ့တယ်
(အဲဒါကို နယူတန်က မြင်လိုက်တယ်။)
နောက်ဆုံးတော့....
အားလုံး အဆင်ပြေသွားတာပါပဲ ။
အဲဒီနေ့က...
ကလီယိုပတ်ထရာကို မြွေကိုက်ခဲ့တယ်
မိုးလေ၀သက ထစ်ချုန်းရွာမယ်တဲ့
(ကျွန်တော့်မှာ ထီးမပါခဲ့ဘူး)
အပိုလို(၁၁)လဲ ပျက်ကျခဲ့တယ် ။
နောက်ဆုံးတော့
အားလုံး အဆင်ပြေသွားတာပါပဲ ။
အဲဒီနေ့က
လှိုင်းပုတ်သံကြောင့် ဗျိုင်းလန့်ပျံခဲ့တယ်
ပွန်ပီမြို့ကြီး ချော်ရည်ဖုံးခဲ့တယ်
ကျွန်တော် ၀ယ်ခဲ့တဲ့ ဖိနပ်က
သူနဲ့ မတော်ဘူး
(အိပ်မက်ရဲ့ ခြေထောက်က တော်တော်ကြီးနေခဲ့တယ်)
နောက်ဆုံးတော့....
အားလုံး အဆင်ပြေသွားတာပါပဲ ။
အဲဒီနေ့က...
ပဋာစာရီ၊ဘီလ်ဂိတ်၊ဆိုကရေးတီး
စပါးတားကတ်၊ဂေါ်ဂင်
ကံစမ်းမဲမပေါက်တဲ့ ဘုရားသခင်
အဆင်မပြေခဲ့ဘူး ။
အဲဒီနေ့က...
ကျောက်ဆူးကြိုးပြတ်သွားတဲ့တိမ်
အိမ်ပြန်သွားတဲ့ ဆဲလ်မွန်ငါးတွေ
ဆောင်းကို မမီလိုက်တဲ့ နှင်း
အဆင်မပြေခဲ့ဘူး ။
အဲဒီနေ့က....
ကမ္ဘာကြီးဟာ စောင်းနေခဲ့တယ် ။ ။
သစ္စာနီ
အဲဒီနေ့က
ကျွန်တော့်ကောင်မလေး စိတ်ကောက်နေတယ်
ဟစ်တလာက စစ်ကြေငြာခဲ့တယ်
ပန်းသီးတစ်လုံး မြေပေါ် ကြွေကျခဲ့တယ်
(အဲဒါကို နယူတန်က မြင်လိုက်တယ်။)
နောက်ဆုံးတော့....
အားလုံး အဆင်ပြေသွားတာပါပဲ ။
အဲဒီနေ့က...
ကလီယိုပတ်ထရာကို မြွေကိုက်ခဲ့တယ်
မိုးလေ၀သက ထစ်ချုန်းရွာမယ်တဲ့
(ကျွန်တော့်မှာ ထီးမပါခဲ့ဘူး)
အပိုလို(၁၁)လဲ ပျက်ကျခဲ့တယ် ။
နောက်ဆုံးတော့
အားလုံး အဆင်ပြေသွားတာပါပဲ ။
အဲဒီနေ့က
လှိုင်းပုတ်သံကြောင့် ဗျိုင်းလန့်ပျံခဲ့တယ်
ပွန်ပီမြို့ကြီး ချော်ရည်ဖုံးခဲ့တယ်
ကျွန်တော် ၀ယ်ခဲ့တဲ့ ဖိနပ်က
သူနဲ့ မတော်ဘူး
(အိပ်မက်ရဲ့ ခြေထောက်က တော်တော်ကြီးနေခဲ့တယ်)
နောက်ဆုံးတော့....
အားလုံး အဆင်ပြေသွားတာပါပဲ ။
အဲဒီနေ့က...
ပဋာစာရီ၊ဘီလ်ဂိတ်၊ဆိုကရေးတီး
စပါးတားကတ်၊ဂေါ်ဂင်
ကံစမ်းမဲမပေါက်တဲ့ ဘုရားသခင်
အဆင်မပြေခဲ့ဘူး ။
အဲဒီနေ့က...
ကျောက်ဆူးကြိုးပြတ်သွားတဲ့တိမ်
အိမ်ပြန်သွားတဲ့ ဆဲလ်မွန်ငါးတွေ
ဆောင်းကို မမီလိုက်တဲ့ နှင်း
အဆင်မပြေခဲ့ဘူး ။
အဲဒီနေ့က....
ကမ္ဘာကြီးဟာ စောင်းနေခဲ့တယ် ။ ။
သစ္စာနီ