ဒဏ္ဍာရီ ထဲက ကဗျာ
နှလုံးသားတွေ ပုံအပ်
လောင်းကြေးတင်ထားရတဲ့ ကစားပွဲ
ဆွဲလှန်လိုက်တဲ့ ဖဲပွင့်တွေမှာ
ရင်ခုန်သံဟာ
အသက်မှန်မှန် မရှူရဲဘူး
မြတ်မြတ်နိုးနိုးနဲ့ ချစ်ခဲ့ရတာပါ
ဘယ်လို နတ်ဆိုးမျိုးကမှ
တန်ခိုး အစုံစုံနဲ့ ဖျက်ပစ်လို့ မရဘူး...
လေးညင်းသဲ့သဲ့ တိုးဝင်တိုက်ခတ်သွားတဲ့
ချစ်သူ့ ဆံနွယ်တွေကို
လက်ကလေးနဲ့ တယုတယ
"သပ်"ပေးချင်တယ်
သွေးထဲ ကျိန်စာမိထားတဲ့
နဂါးတစ်ကောင် လှည့်ပတ်စီးနေသလိုမျိုး
အဲဒီ မျက်စောင်းလေးကိုပဲ
တမ်းတနေမိတယ်....
လိုချင်မှုတွေများလှတဲ့ အတ္တထဲမှာ
နင့်ကို ချစ်တဲ့ အချစ်ဟာ ဖြူစင်လွန်းလှရဲ့...
တကယ်တော့
ငါ့အချစ်တွေကို မင်းမြင်အောင်
ပြဖို့ကလွဲရင် ဘာကိုမှ မသိတဲ့ကောင်ပါ
အတောင်ပံမဲ့ အပြုံးတွေ
ဟို...အဝေး
ရေကြည်ရာမြက်နုရာ သွားကြပြီ
ချစ်ခြင်းမေတ္တာရဲ့ အဆုံးသတ်က လွမ်းရမှာလားလို့
ဟို တစ်ချိန်က မစဉ်းစားခဲ့မိဘူး
ခုတော့လည်း.....
အလွမ်းတွေနဲ့ နှစ်အဆက်ဆက်တိုင်
ဖူးပွင့်ဝေဆာနေတဲ့ ဒဏ္ဍာရီ
သူလည်းလေ (ငါ့ကို) မေ့တော့မယ်။ ။
နှလုံးသားတွေ ပုံအပ်
လောင်းကြေးတင်ထားရတဲ့ ကစားပွဲ
ဆွဲလှန်လိုက်တဲ့ ဖဲပွင့်တွေမှာ
ရင်ခုန်သံဟာ
အသက်မှန်မှန် မရှူရဲဘူး
မြတ်မြတ်နိုးနိုးနဲ့ ချစ်ခဲ့ရတာပါ
ဘယ်လို နတ်ဆိုးမျိုးကမှ
တန်ခိုး အစုံစုံနဲ့ ဖျက်ပစ်လို့ မရဘူး...
လေးညင်းသဲ့သဲ့ တိုးဝင်တိုက်ခတ်သွားတဲ့
ချစ်သူ့ ဆံနွယ်တွေကို
လက်ကလေးနဲ့ တယုတယ
"သပ်"ပေးချင်တယ်
သွေးထဲ ကျိန်စာမိထားတဲ့
နဂါးတစ်ကောင် လှည့်ပတ်စီးနေသလိုမျိုး
အဲဒီ မျက်စောင်းလေးကိုပဲ
တမ်းတနေမိတယ်....
လိုချင်မှုတွေများလှတဲ့ အတ္တထဲမှာ
နင့်ကို ချစ်တဲ့ အချစ်ဟာ ဖြူစင်လွန်းလှရဲ့...
တကယ်တော့
ငါ့အချစ်တွေကို မင်းမြင်အောင်
ပြဖို့ကလွဲရင် ဘာကိုမှ မသိတဲ့ကောင်ပါ
အတောင်ပံမဲ့ အပြုံးတွေ
ဟို...အဝေး
ရေကြည်ရာမြက်နုရာ သွားကြပြီ
ချစ်ခြင်းမေတ္တာရဲ့ အဆုံးသတ်က လွမ်းရမှာလားလို့
ဟို တစ်ချိန်က မစဉ်းစားခဲ့မိဘူး
ခုတော့လည်း.....
အလွမ်းတွေနဲ့ နှစ်အဆက်ဆက်တိုင်
ဖူးပွင့်ဝေဆာနေတဲ့ ဒဏ္ဍာရီ
သူလည်းလေ (ငါ့ကို) မေ့တော့မယ်။ ။