Wednesday, September 3, 2014

ပျက်နေတဲ့ ကမ္ဘာ...- ဒီမွန်း

ပျက်နေတဲ့ ကမ္ဘာ...- ဒီမွန်း

သိ သိကြီးနဲ့ ချကျွေးခဲ့တဲ့
( ပွန်း ) တွေ လား...?
လာမယ်မှန်း သိရဲ့နဲ့
ဖောက်ခဲ့တဲ့ လမ်တွေလား...?
"ဘ၀ဟာမရေရာဘူးတဲ့"....
ပြော...ကြ...တယ်...
ဆယ်မလား...?
ပြန်တည်ဆောက်မလား...?
ထွေးပြားနေတယ်...
"အတ္တနဲ့ နေထိုင်တယ်... ဆိုပေမယ့်
ဆိုပေမယ့်....
ဆိုပေမယ့်....
အတ္တထဲမှာ ( အများ ) ပါနေတယ်..
ပတ်ဝန်းကျင် စဉ်းစားတယ်..
ပိုပြီး စဉ်းစားတယ်
မင်းအတွက်ဆိုပေမယ့်....
(…………………………………)
ငါ့အတွက်လည်း ပါ...တယ်
စွဲ ( ဆောင် ) မယ် ဆိုရင်
ငင် လိုက်မလား…?
မလိုက်ဘူးလား….?
( ရွဲ့ ပြစ် လိုက် ချင် တယ် )
ငါ့ အတွက် ဆိုရင်တော့
မပြောပါနဲ့
မ ပြော ပါ နဲ့
မင်း မပြောပါနဲ့…
မင်းပြောမယ့် ကမ္ဘာကြီးဟာ
ပျက်...နေ...တယ်....။

ဒီမွန်း
( ပွန်း ) = စစ်တုရင် ကစားကွက်ထဲက နယ်ရုပ်