Wednesday, September 3, 2014

သဟဇာတ - မောင်အေးကို(ပေါင်းတလည်)

သဟဇာတ - မောင်အေးကို(ပေါင်းတလည်)

လောကကြီးမှာ.......
မဟောင်တဲ့ခွေး မတွေးတဲ့ ပညာရှင်
မဆင်ခြင်တဲ့ လူတစ်ယောက်
မဟောက်တဲ့ အအိပ်ကြီးသူ
မငြူစူတဲ့ မိန်းမ
မလှတဲ့ မော်ဒယ်ဂဲလ်
မဆဲတဲ့ အရက်သမား
မကြွားတဲ့ လူပြိန်း
မမှိန်းတဲ့ ရင်ခွင်
မမြင်တဲ့ မျက်လုံး
မဆုံးတဲ့ ခရီး
မစီးတဲ့ မြစ်ပြင်
မချဉ်တဲ့ သံပရာ
မဆာတဲ့ ဗိုက်
မမိုက်တဲ့ ဓားပြ
မချတဲ့ ကျောက်ဆူး
မရူးတဲ့ ဆယ်ကျော်သက်
မပျက်တဲ့ တီဗီ
မရယ်(ရီ)တဲ့ ဟာသ
မမျှတဲ့ တရား
………………………..
…………………………..
အားလုံး.........
အားလုံးဟာ
ကိုယ့်အထာကိုယ်မှန်
ကိုယ့်အကြံနဲ့ ကိုယ်မြင်
အဟုတ်ကြီးတော့ ထင်မနေနဲ့။
- အရာရာက
ကိုယ်ရောက်တဲ့နေရာ
ကိုယ်လာတဲ့လမ်း
ကိုယ့်ကမ်းနဲ့ကိုယ့်လှေ
အထွေထွေ ညီမျှပါမှ
သဟဇာတလို့ခေါ်တယ် သူငယ်ချင်း။

မောင်အေးကို(ပေါင်းတလည်)
၁၀း၁၁ ည၊ ကြာသပတေးနေ့၊ ၇.၆.၂၀၁၂။