ပြိုကျသွားတဲ့ မနက်ဖြန် - မိုးလှိုင်ည
ပြိုကျဖို့က စက္ကန့်ပိုင်းလေးပဲလိုတယ်
ငါတည်ဆောက်ခဲ့ရတာ တစ်ဘ၀စာ
အခုတော့ မင်းပြန်မရောက်လာတဲ့
ညနေခင်းတွေထဲ...
ငါဟာငေးနေကျလမ်းလေးကို
ဆွေးနေကျအဆွေးတွေနဲ့..
ငါစောင့်ဆိုင်းနေဆဲပါ... ။
အရင်လိုပါပဲ
ဂျင်းဘောင်းဘီအဟောင်းလေးန
ဲ့ကောင်လေးလေ
ဂျစ်တစ်တစ် ကန်တန်တန်...
မင်းပြောပြတဲ့ မနက်ဖြန်တွေကို
လက်ခါခါပြတတ်တယ်...။
အနုပညာမပါပဲ..လူရာမ၀င်ချင်ဘူး..
ဆင်းဆင်းရဲရဲနေမယ်
စိတ်ဓါတ်တွေမွဲခြောက်မနေရင်ပြီးတာပဲ
ညနေခင်းလေးကိုဆွဲထားတဲ့
ပန်းချီကားထဲက
နတ်သမီးလေးပျောက်သွားပြီ...
မင်းအတွက်ရင်မှာ
တစ်နေရာစာကိုယ်ဦးထားတယ်
ဗဒင်သီချင်းလေးကိုခပ်တိုးတိုးညည်းမိ
ပိုင်ရှင်မဲ့ နေရာလေး
တဖြည်းဖြည်းဟောင်းသွားပြီး
သဲမုန်တိုင်းတွေကြောင့် တွန့်ကွေးသွားတဲ့လမ်းကလေးကနေ
ရင်ထဲက ရိုမန်တစ်အိမ်ကလေးဆီ
မင်းပြန်လျှောက်မလာနိုင်ခဲ့တော့...
နောက်ဆုံးစက္ကန့်မှာ ကောင်လေးက
စီးကရက်ကိုထိုးချေလိုက်တယ်...
ပြိုကျသွားခဲ့ရတာက တစ်ဘ၀စာလေ...။
မိုးလှိုင်ည
ပြိုကျဖို့က စက္ကန့်ပိုင်းလေးပဲလိုတယ်
ငါတည်ဆောက်ခဲ့ရတာ တစ်ဘ၀စာ
အခုတော့ မင်းပြန်မရောက်လာတဲ့
ညနေခင်းတွေထဲ...
ငါဟာငေးနေကျလမ်းလေးကို
ဆွေးနေကျအဆွေးတွေနဲ့..
ငါစောင့်ဆိုင်းနေဆဲပါ... ။
အရင်လိုပါပဲ
ဂျင်းဘောင်းဘီအဟောင်းလေးန
ဲ့ကောင်လေးလေ
ဂျစ်တစ်တစ် ကန်တန်တန်...
မင်းပြောပြတဲ့ မနက်ဖြန်တွေကို
လက်ခါခါပြတတ်တယ်...။
အနုပညာမပါပဲ..လူရာမ၀င်ချင်ဘူး..
ဆင်းဆင်းရဲရဲနေမယ်
စိတ်ဓါတ်တွေမွဲခြောက်မနေရင်ပြီးတာပဲ
ညနေခင်းလေးကိုဆွဲထားတဲ့
ပန်းချီကားထဲက
နတ်သမီးလေးပျောက်သွားပြီ...
မင်းအတွက်ရင်မှာ
တစ်နေရာစာကိုယ်ဦးထားတယ်
ဗဒင်သီချင်းလေးကိုခပ်တိုးတိုးညည်းမိ
ပိုင်ရှင်မဲ့ နေရာလေး
တဖြည်းဖြည်းဟောင်းသွားပြီး
သဲမုန်တိုင်းတွေကြောင့် တွန့်ကွေးသွားတဲ့လမ်းကလေးကနေ
ရင်ထဲက ရိုမန်တစ်အိမ်ကလေးဆီ
မင်းပြန်လျှောက်မလာနိုင်ခဲ့တော့...
နောက်ဆုံးစက္ကန့်မှာ ကောင်လေးက
စီးကရက်ကိုထိုးချေလိုက်တယ်...
ပြိုကျသွားခဲ့ရတာက တစ်ဘ၀စာလေ...။
မိုးလှိုင်ည