Monday, September 15, 2014

ရေစီးကြောင်း - မောင်ချောနွယ်

ရေစီးကြောင်း - မောင်ချောနွယ်

(၁) မြစ်တွေရဲ့ အမှားကို မြိုချရင်း
ပင်လယ်ဟာ
ဒဏ်ရာတွေနဲ့ အုံကြွလာခဲ့။

(၂) နှစ်ချို့ ဒီရေတွေ
ဆန်တက်လာချိန်ကျတော့
ရေငန်တစ်စက်ဝင်ရင်တောင်
မျက်နှာမဲ့တတ်သူ
မြစ်ဖျားတွေပါ....အမေရယ်။ ။

မောင်ချောနွယ်