Wednesday, September 17, 2014

မာယာ (ဆောင်းဦးနွေ-ထုံးဘို)

မာယာ
♥ ♥ ♥ ♥
ချစ်သူရေ....
အနမ်းပန်းတွေဟာ
အလွမ်းပန်းတွေဆိုတာ
ငါသိလိုက်တဲ့အချိန်
ငါ့ရင်ခွင်တစ်ခုလုံး
အလွမ်းဆိပ်တွေသင့်နေခဲ့ပြီ။
ပြင်းထန်တဲ့အဆိပ်တွေအတွက်
ထက်မျက်တဲ့ ဖြေဆေးတစ်ခွက်
ချစ်သူ မင်း ငါ့ကိုပေးလေ...
တုန့်ပြန်မှုမရှိတဲ့အေးစက်စက်
မင်းအမူအယာတွေကြောင့်
ငါ့တစ်ကိုယ်လုံးအဆိပ်တွေ
ပြန့်ခဲ့ရပြီ ဒါဟာ မင်းရဲ့
မာယာတစ်မျိုးပဲလားချစ်သူ။

(ဆောင်းဦးနွေ-ထုံးဘို)