Wednesday, September 17, 2014

တောင်းဆု ✏ ဆောင်းဦးနွေ-ထုံးဘို

တောင်းဆု

ချစ်မိသည့်ဝန် ကိုယ့်အလွန်လေ....
တွယ်တာနှောင်ရစ် သံယောဇဉ်တွေ
ပြတ်တောက်မှာစိုး ကြောက်မိတယ်လေ။
ထားရစ်ခဲ့သူ မင်းအလွန်လေ....
မှေးမှိန်ပျောက်ကွယ် ချစ်သံစဉ်တွေ
ဆိုသူမရှိ ငိုသူရှိလည်း
ဒီဘဝဒီမျှ လွမ်းရလိုသည်
ငါ့လိုသောက ကင်းဝေးစေ။

(ဆောင်းဦးနွေ-ထုံးဘို)