Wednesday, September 17, 2014

နှုတ်ဆက်စာ ✏ မိုးမင်း ရွှေကန်မြေ.

နှုတ်ဆက်စာ
♥ ✆♥ ✆
ညီမလေး
ငါ့ရင်ဘတ်ခြံကျယ်ကြီးထဲကို
တံခါးမခေါက်ဘဲဝင်လာပြီး
တံခါးမပိတ်ဘဲထွက်သွားသူ
နင်ကအလည်သက်သက်ပဲလား
နားလည်ခြင်းခွင့်လွတ်ခြင်းတွေနဲ့
ဒီရင်ခွင်ဟာ လူတိုင်းနားခိုလို့ရတဲ့
လမ်းဘေးကဇရပ်တစ်လုံး
မဟုတ်ဘူးလေ....
လက်ပြနူတ်ဆက်ဖို့
ဝန်လေးနေရင်လဲ
နူတ်ဆက်စာလေးတစ်စောင်တော့
ငါလိုချင်မိတယ် ညီမလေး....

နှင်းနှင်းအတွက် ရင်ဖြင့် ခံစားသည် ✉


မိုးမင်း ရွှေကန်မြေ