Sunday, September 14, 2014

မေးလိုက်​ချင်​သည် - ​ရွှေထ​နောင်းစိုးပိုင်

*​မေးလိုက်​ချင်​သည်​*

ဝမ်းနည်းစရာ
အဖြစ်​ ​တွေနဲ့
သေဆုံးခဲ့တဲ့
တောင်​သမာန်
ငါ့ရင်​ထဲမှာ
အမြဲထာဝရ
ရှင်​သန်​​နေဆဲ?
အနစ်​နာခံ​ပေးဆပ်​မှု​တွေနဲ့
အချစ်​ကို
သက်​​သေထူသွာခဲ့တဲ့
တောင်​သမာန်​နယ်​စား
"​မောင်​​ဖေငယ်​"
ခုထိလူ​တွေရဲ့ရင်​ထဲမှာ
သူ့ချစ်​ခြင်းတရား​တွေ
ကျောက်​စာတစ်​ခုလို
အခိုင်​အမာ
တည်​ရှိ​နေလျှက်​ပါ....
ငါ တမ်းတမိတယ်
သူတို့​ခေတ်
တရားမျှတမှုကိုဆုပ်​ကိုင်​ပြီး
ဒိုင်းခင်​ခင်​ကို
သူ့လက်​ထဲ
ထည့်​​ပေးချင်​တာ
ငါ....မှားလား......?

ရွှေထ​နောင်းစိုးပိုင်