သူငယ်ချင်း
ငါသိ,ငါတတ်ဘဝင်ဟပ်ပြီး
မာနနဲ့တင်းခံနေသမျှ
မင်းဘာပညာမှ
တတ်မှာမဟုတ်ဘူး သူငယ်ချင်း။
မာနရှင်မောက်မာသူနဲ့
ကျောက်ဖြာပြင်ထူထူဟာ
အတူတူပါပဲ
ကျောက်ဖြာပြင်ထက်
ရေတစ်စက်မှမတင်လို
မာနရှင်မောက်မာသူ လူ့အတွက်လည်း
ပညာတစ်စက်မှဝင်မှာမဟုတ်ဘူး
ငါသိ,ငါတတ်ဘဝင်ဟပ်မဖြစ်မီ
ငါသိ,ငါတတ်ဆိုတဲ့
မာနဓာတ်အစဉ်ကို အမြစ်ဖြတ်ပြီး
ပညာတတ်ဖို့ ဆည်းပူးအုံးသူငယ်ချင်း။
(ဆောင်းဦးနွေ-ထုံးဘို)
ငါသိ,ငါတတ်ဘဝင်ဟပ်ပြီး
မာနနဲ့တင်းခံနေသမျှ
မင်းဘာပညာမှ
တတ်မှာမဟုတ်ဘူး သူငယ်ချင်း။
မာနရှင်မောက်မာသူနဲ့
ကျောက်ဖြာပြင်ထူထူဟာ
အတူတူပါပဲ
ကျောက်ဖြာပြင်ထက်
ရေတစ်စက်မှမတင်လို
မာနရှင်မောက်မာသူ လူ့အတွက်လည်း
ပညာတစ်စက်မှဝင်မှာမဟုတ်ဘူး
ငါသိ,ငါတတ်ဘဝင်ဟပ်မဖြစ်မီ
ငါသိ,ငါတတ်ဆိုတဲ့
မာနဓာတ်အစဉ်ကို အမြစ်ဖြတ်ပြီး
ပညာတတ်ဖို့ ဆည်းပူးအုံးသူငယ်ချင်း။
(ဆောင်းဦးနွေ-ထုံးဘို)