Sunday, September 14, 2014

စည်းကမ်း (အရှင်အာလောက-ရေဝိုင်း)

စည်းကမ်း

ဘဝလှေကားထစ်တွေကို
လှမ်းတက်တဲ့နေရာမှာ
စည်းကမ်းဆိုတာ လက်ယမ်းသဖွယ်ဖြစ်ပါတယ်။
စည်းကမ်းကောင်းခြင်းဟာ
တနည်းအားဖြင့် အကျင့်စာရိတ္တကောင်းခြင်းပါပဲ။
ကောင်းတဲ့စည်းကမ်းတွေရအောင်
အစဉ်တစိုက်မွေးမြူရမှာပါ
စည်းကမ်းဆိုတာ....
လူ့ရဲ့တန်ဖိုးဖြစ်တဲ့အတွက်
တန်ဖိုးကြီးလာလေ အကျင့်စာရိတ္တဘက်မှာ တိုးတက်လာလေပါပဲ။
စည်းကမ်းရဲ့အနှစ်သာရဟာ
အများစုရဲ့ကောင်းကျိုးကို လုပ်ပေးတာပါ မကောင်းကျိုးပေးတဲ့ စည်းကမ်းဆိုတာမရှိပါဘူး
ချုပ်ချယ်မှုနဲ့စည်းကမ်းဟာမတူဘူး
စည်းကမ်းဟာလိုက်နာနေရတဲ့ အတွင်းမှာ ပင်ပမ်းတယ်လို့ထင်ရပေမဲ့
အချိန်အခါအလျောက် များစွာတန်ဖိုးရှိလာမှာပါ။
ကျူရိုးနဲ့သမုဒ္ဒရာရဲ့ အတိမ်အနက်ကို တိုင်းတာလို့မရပေမဲ့ လူတစ်ယောက်ရဲ့အရည်အချင်းကို
စည်းကမ်းဆိုတဲ့ပေတံနဲ့ တိုင်းတာလို့ရပါတယ်
စည်းကမ်းကောင်းရင် နည်းလမ်းအပေါင်းဟာ
အဆင်ပြေချောမွေ့ပြီး
စည်းကမ်ဖောက်ရင်တော့
ထီးနန်းတောင်ပျောက်နိုင်ပါတယ်။

(အရှင်အာလောက-ရေဝိုင်း)