Tuesday, September 2, 2014

သူသိပါစေ.... စိုင်းဟေမာန်

(သူသိပါစေ)

မလွမ်းရဲဘူး မောင်ရယ် တဲ့
မအီမလည်စကားနဲ့ မာယာနုတ်ခမ်းကို
သူသုံးသွားတယ်
ပြီးတော့....
မမြင်ရာနေရာသစ်မှာ
အကြင်နာ ရင်ခွင်သစ်ကိုရှာ
သူပျော်တယ်

တွေ့စက သိပ်ချစ်တယ် ဆိုပဲ
နောက်တော့ ငါ့ဘဝအတွက်
အပေါင်းလက္ခဏာကို သူဖျောက်ပစ်
အနုတ်လက္ခဏာနှင့် အကြွင်းသုညပဲ
သူထားခဲ့တယ်

ရက်စက်လေခြင်းလို့ ငါ မပြောဝံ့ပါ
ဒါပေမဲ့....သူသိအောင်
တစ်ခုတော့ ကြေငြာခဲ့မယ်
ငါရင်ခွင်မှာ သူလေးကလွဲ၍
အစားထိုးဖို့ မရှိဘူးဆိုတာပါပဲ
ချစ်သူရယ်

(ရင်တွင်းဖြစ်)စိုင်းဟေမာန်