Tuesday, September 2, 2014

အလွမ်းဝဋ်ကြွေး - စိုင်းဟေမာန်

(အလွမ်းဝဋ်ကြွေး)

အလွမ်းတွေ....
ဖုံးဖိခြင်းခံရတဲ့နှလုံးသားသည်
ပူလောင်မှု့တွေ စိုးမိုးထားခဲ့ပေါ့

ဘယ်တော့ပြန်လာမှာလဲ...? မမေးနဲ့
ကံကြမ္မာက ငါ့ကို
အငြိုးအတေးကြီးလွန်းတယ်
ပြန်ဆုံခွင့်မပြုနိုင်ဘူးတဲ့
မင်းရဲ့အချစ်ကို ငါက
အလွမ်းတွေနှင့်ကာရံ
ဝေဒနာတွေနဲ့ဘောင်ခတ်
သတ်ပစ်လိုက်မယ် တဲ့
သိပ်ရက်စက်တာပဲ မဆိုချင်ပါဘူး
ရှေ့ကံဝဋ်ကြွေး မကျေသေးလို့
ချစ်လျက်နဲ့ နှလုံးသားကိုစတေး
ရင်ကော့ကာ အောင့်ပြီးခံပါမည်
ဝဋ်ကြွေးရှိသမျှ ကျေစေဖို့

(ရင်တွင်းဖြစ်)စိုင်းဟေမာန်