Friday, September 12, 2014

တိတ်တိတ်လေး (လျှို့ဝှက်လွမ်း)

တိတ်တိတ်လေး (လျှို့ဝှက်လွမ်း)

သူငယ်ချင်းကောင်းဆိုတာ
ရင်ဟောင်းလောင်းနဲ့ ပြုံးနေသူတဲ့
အငိုစကို မျိုချပြီး
အပြုံးလှလှတစ်ခုနဲ့လည်း ဖုံးကွယ်တတ်တယ်
အမှတ်တရလေးတွေကို
အမှတ်တမဲ့ သိမ်းထားခဲ့တာ
မဟုတ်ဘူး သူငယ်ချင်း
ယုယုယယကို သိမ်းထားခဲ့တာပါ
ဒါပေမယ့်
ကြိတ်ပိုးလေ တိတ်တခိုးပဲ
ချစ်ခွင့်ရှိတယ်.....

လျှို့ဝှက်လွမ်း