(စာ တမ်း)
ကြင်နာစွာချစ်ကြသော်လည်း
ဖန်လာတဲကံကြမ္မာက
ဝေးကွာခြင်းကို
နိဒါန်းပျိုးခဲ့တယ်
ချစ်တဲ့သူနှင့် အတူ
မနေရဘူးတဲ့
ဒီလိုနဲ့
ဝေးကွာခဲ့ကြပေါ့
တယောက်တနယ်စီ
ပြန်မဆုံဖြစ်တာလည်း
နှစ်ပရိစ္ဆေဒ
အတော်ကြာခဲ့ပေါ့
ရင်ထဲက
အချစ်ကိုတော့
ချစ်သူသိအောင်
လေ လှိုင်းကို
ပိုက်ဆံပေး၍
မကြာခဏပြော
ပြောဖြစ်နေမိ
သူစကားသံကို
ကြားတိုင်းကြားတိုင်း
အလွမ်းလှိုင်းတွေ
ရင်ကိုအခါခါပုတ်ခတ်
နာကျင်အောင်ဖန်တီးပြီး
ချစ်တတ်သူကို ကျီဇယ်ကာ ဝေဒနာတွေပေးနေတယ်
ဖြေမသာဝေဒနာတွေကို
ထမ်းပိုးရင်း
ရောက်ရာအရပ်ကနေ
ချစ်ရသူကို အမြဲတမ်း
အောက်မေ့နေတယ်ဆိုတာ
ချစ်ရသူ သိပါစေကြောင်း
စာ တမ်းတစ်ခု
မောင်ပြုလိုက်သည်
ချစ်ရသူလေးသိပါစေ
(ရင်တွင်းဖြစ်)စိုင်းဟေမာန်
ကြင်နာစွာချစ်ကြသော်လည်း
ဖန်လာတဲကံကြမ္မာက
ဝေးကွာခြင်းကို
နိဒါန်းပျိုးခဲ့တယ်
ချစ်တဲ့သူနှင့် အတူ
မနေရဘူးတဲ့
ဒီလိုနဲ့
ဝေးကွာခဲ့ကြပေါ့
တယောက်တနယ်စီ
ပြန်မဆုံဖြစ်တာလည်း
နှစ်ပရိစ္ဆေဒ
အတော်ကြာခဲ့ပေါ့
ရင်ထဲက
အချစ်ကိုတော့
ချစ်သူသိအောင်
လေ လှိုင်းကို
ပိုက်ဆံပေး၍
မကြာခဏပြော
ပြောဖြစ်နေမိ
သူစကားသံကို
ကြားတိုင်းကြားတိုင်း
အလွမ်းလှိုင်းတွေ
ရင်ကိုအခါခါပုတ်ခတ်
နာကျင်အောင်ဖန်တီးပြီး
ချစ်တတ်သူကို ကျီဇယ်ကာ ဝေဒနာတွေပေးနေတယ်
ဖြေမသာဝေဒနာတွေကို
ထမ်းပိုးရင်း
ရောက်ရာအရပ်ကနေ
ချစ်ရသူကို အမြဲတမ်း
အောက်မေ့နေတယ်ဆိုတာ
ချစ်ရသူ သိပါစေကြောင်း
စာ တမ်းတစ်ခု
မောင်ပြုလိုက်သည်
ချစ်ရသူလေးသိပါစေ
(ရင်တွင်းဖြစ်)စိုင်းဟေမာန်