Saturday, September 13, 2014

သူငယ်ချင်းမလေး သို့.... (လျှို့ဝှက်လွမ်း)

သူငယ်ချင်းမလေး သို့.... (လျှို့ဝှက်လွမ်း)

စည်းတံတားရဲ့ အခြားတစ်ဖက်မှ
သူငယ်ချင်းမလေးရေ...
ချစ်တာကို ဖွင့်ပြောဖို့အတွက်
အားအင်တွေ မဲ့နေတယ်ဟာ
ပိုင်ဆိုင်ချင်တာ တစ်ခုနဲ့
မစွန့်လွတ်နိုင်တာကလွဲပြီး
ငါဘာမှ မတောင်းဆိုဝံ့ပါဘူး
သံယောဇဉ် လမ်းကလေးခင်းပြီးသားမို့
သူငယ်ချင်းမလေးရယ်
ပွင့်ပွင့်လင်းလင်းပြောတော့မယ်
ငါလေနင့်ကို သိပ်ချစ်တယ်


လျှို့ဝှက်လွမ်း