Saturday, September 13, 2014

တိတ်တိတ်လေးပဲလွမ်းနေမယ် - နွေလွင့်ကြယ်'(မှော်ဝန်း)

(တိတ်တိတ်လေးပဲလွမ်းနေမယ်)

ရင်အသဲလွှာတစ်ခုလုံးမှာ
နင်အမြဲလာစိုးမိုးထားတာကြောင့်
ဖူးစာတွေမဆုံမှန်းသိလျှက်နဲ့
အရူးပမာစွဲလန်းမိခဲ့တယ်...
တကယ်တော့ ငါ့အဖြစ်က
ရွှေလမင်းကြီးကိုမှ
မြေခဆင်းဖို့တောင်းဆိုနေတဲ့
ကလေးပမာလို
အတွေးကမ္ဘာထဲမှာပျော်နေခဲ့သူပါ...
တကယ်ဆိုရင်
ဆိုင်သူမသိအောင်ချစ်
ဆိုင်သူမသိအောင်လွမ်း
ဆိုင်သူမသိအောင်အိမ်မက်ကနေ
ခိုးခိုးနမ်းရတဲ့ဘဝကရုန်းထွက်ချင်ပေမယ့်
အဆုံးသက်မှာတော့ ကိုယ့်အချစ်နဲ့ကို
လန့်ဖျားဖျားနေတယ် သဉ္ဇာရယ်...

နွေလွင့်ကြယ်'(မှော်ဝန်း)

(ချစ်ညီမလေး သိပါစေ)