Monday, September 1, 2014

လျှို့ဝှက်လွမ်း

နိဒါန်းအစမှာ မာယာဖုံးလွှမ်း
အပြုံးတွေပွင့်သလိုလိုနဲ့
လှပတာကိုအသုံးချ
နှလုံးလှသူငါ့အသဲကို
နင့်အသဲနဲ့ ထပ်သလိုလို

အချစ်မူးလို့အရူးဖြစ်
စူးနစ်လို့နေတဲ့အသဲမြှား
နင် ကစားချင်တိုင်းကစားပေါ့

ဟောင်းသွားတော့မှ အရှုံးသမား
နှလုံးသားပါမကျန်နင်ယူ
ကျန်သူတွေမကုနိုင်တဲ့အပူ
ငါ့တစ်ကိုယ်လုံးလောင်ကျွမ်း
ဆုံးခန်းရောက်တော့ငါ့မှာ
တစ်ခြမ်းကွဲနေတဲ့အသဲနဲ့လည်း
မလွမ်းဘဲတော့ ဘယ်ရှိပါ့မလဲ

လျှို့ဝှက်လွမ်း