Monday, September 1, 2014

နက်ရှိုင်းသောရင်ခုန်သံ - လျှို့ဝှက်လွမ်း

နက်ရှိုင်းသောရင်ခုန်သံ

မေ့ပြစ်လို့မရပေမဲ့
မေ့နိုင်အောင်ကြိုးစားနေခဲ့တာပါ
ရောက်ရှိလာမဲ့ မနက်ဖြန်ဆိုတာ
မရေရာအပြုံးတွေအောက်
ဆူးခင်းတဲ့လမ်းကိုလျှောက်
ကြွေကျတဲ့ပန်းတွေကောက်ပြီး
နင့်အပြုံးများရဲ့ကြိုးဆွဲခေါ်ရာ
တကောက်ကောက်လိုက်ခဲ့ဖူးတာပါ
တကယ်သာဆို
နင်ဆိုတာအတိတ်ပါပဲ
ငါဆိုတဲ့စိတ်ဟာလဲ
ကြေမွှစွာတမ်းတ
အိပ်မရသောငါ့ညများမှာ
နက်ရှိုင်းသောဝေဒနာများက
အရင်းနီးဆုံးရင်ခုန်သံကို
မင်းသာကြားခဲ့မယ်ဆိုရင်ပေါ့

တစ်ခြမ်းကွဲအသဲနဲ့လွမ်းနေတယ်
(လျှို့ဝှက်လွမ်း)