ဆေးသားအနှေး မန္တလေး (မောင်ချောနွယ်)
ဒီမှာလေ....မန္တလေးတောင်ရယ်...
ဇိမ်နဲ့ငိုက်လို့သူငေး
မြို့လေညင်းမှာနေရှိန်နဲ့ ခပ်နှေးနှေး
မြို့ရှုခင်းမှာရေချိန်နဲ့ ခပ်မှေးမှေး
မြို့ရိုးနဲ့ကျုံးတွေက ချွေးတွေနဲ့ခပ်စေးစေး
သစ်သားဘတ်(စ်)ကားတွေက ခပ်ဖြည်းဖြည်း
မန္တလေးသူရဲ့ပါးပေါ်မှာ
သနပ်ခါးဟာခပ်နှေးနှေးမွှေး
မန္တလေးဘီးတွေက(စည်းပြေးဝါးပြေး )
မြို့ကြီးသားမန္တလေး ဘီယာကခပ်အေးအေး
ဒါကိုမန္တလေးသားတွေကရမ်နဲ့မြီးသေး
ဒါကိုမန္တလေးမြို့ကြီးက
ဘီးပေါ်မှာစီးတင်လို့ပြေး
မန္တလေးသွေးသားဟာ ဆေးသားနှေး
မန္တလေးအတွင်းသားဟာ ဆေးသားအနှေး
ဆေးသားအနှေးနဲ့ ပြေးတဲ့မန္တလေး
နေရှိန်အဝေးပြေးမန္တလေး
ရေချိန်အနှေးနဲ့ပြေးတဲ့မန္တလေး
ချွေးနဲ့ပြေးပါမန္တလေး
ချွေးနဲ့ဆေးပါမန္တလေး
တိုက်သစ်နံ့တွေမွှေးတဲ့မန္တလေးရေ
မန္တလေးမြို့ကြီးကိုလေ
ကျွန်တော်က ဘီးမှာအသာတင်လို့
ချွေးစေးစေးနဲ့စီးချင်ပါသေး။ ။
မောင်ချောနွယ်
ဒီမှာလေ....မန္တလေးတောင်ရယ်...
ဇိမ်နဲ့ငိုက်လို့သူငေး
မြို့လေညင်းမှာနေရှိန်နဲ့ ခပ်နှေးနှေး
မြို့ရှုခင်းမှာရေချိန်နဲ့ ခပ်မှေးမှေး
မြို့ရိုးနဲ့ကျုံးတွေက ချွေးတွေနဲ့ခပ်စေးစေး
သစ်သားဘတ်(စ်)ကားတွေက ခပ်ဖြည်းဖြည်း
မန္တလေးသူရဲ့ပါးပေါ်မှာ
သနပ်ခါးဟာခပ်နှေးနှေးမွှေး
မန္တလေးဘီးတွေက(စည်းပြေးဝါးပြေး )
မြို့ကြီးသားမန္တလေး ဘီယာကခပ်အေးအေး
ဒါကိုမန္တလေးသားတွေကရမ်နဲ့မြီးသေး
ဒါကိုမန္တလေးမြို့ကြီးက
ဘီးပေါ်မှာစီးတင်လို့ပြေး
မန္တလေးသွေးသားဟာ ဆေးသားနှေး
မန္တလေးအတွင်းသားဟာ ဆေးသားအနှေး
ဆေးသားအနှေးနဲ့ ပြေးတဲ့မန္တလေး
နေရှိန်အဝေးပြေးမန္တလေး
ရေချိန်အနှေးနဲ့ပြေးတဲ့မန္တလေး
ချွေးနဲ့ပြေးပါမန္တလေး
ချွေးနဲ့ဆေးပါမန္တလေး
တိုက်သစ်နံ့တွေမွှေးတဲ့မန္တလေးရေ
မန္တလေးမြို့ကြီးကိုလေ
ကျွန်တော်က ဘီးမှာအသာတင်လို့
ချွေးစေးစေးနဲ့စီးချင်ပါသေး။ ။
မောင်ချောနွယ်