Wednesday, September 10, 2014

အကျည်းတန်ဘဝများ - ရွှေထနောင်းစိုးပိုင်

အကျည်းတန်ဘဝများ

နှင်းစက်တွေမဝေ မိုးစက်တွေမကြွေ
လေပြေညင်းတွေ မတိုက်ခက်တော့တဲ့
ငါတို့တွေရဲ့ဘဝ
မော- ပန်း--- နွမ်းလျ
မြေချအနင်းခံခဲ့ရပေါင်းလဲ
မနည်းတော့ဘူး
ငှက်ဆိုးတွေရဲ့ ထိုးချက်ဒဏ်
အံတုလို့သာခံခဲ့ရတဲ့
ငါတို့တွေရဲ့သူရဲကောင်း
Leader or hero တွေရဲ့
သွေးစက်တွေခုချိန်ထိ
ရဲရဲတောက် စိုစွတ်နေတုန်းဘဲ
ဒါပေမယ့်...
"ကမ္ဘာမကျေ မြန်မာပြည်"
ထားလိုက်ပါတော့...
ကျေစရာမြေလဲ ရှိတော့လို့ပါ.--


(ရွှေထနောင်းစိုးပိုင်)