Wednesday, September 10, 2014

ဘာဖြစ်ဖြစ်ချစ်တယ် - ရွှေထနောင်းစိုးပိုင်

ဘာဖြစ်ဖြစ်ချစ်တယ်

နှလုံးသားတစ်ခုလုံး
အဆိပ်တက်နေမှတော့
ငါ ဖြေဆေးသောက်ဖို့
မကြောက်တော့ပါဘူး
ကောင်မလေးရေ...
မင်းဖော်စပ်ခဲ့တဲ့
ခပ်ပြင်းပြင်းအဆိပ်
တခွပ်အတွက်
ဖြေဆေးတောင်းမိတဲ့
ငါ လွန်သလား
ကောင်မလေးရယ်---
ဘယ်တုန်းကမှမပျော့ညံ့ခဲ့တဲ့ငါ
မင်းရှေ့ရောက်တိုင်း
မာနတွေခဝါချ
မျက်ဝန်းအိမ်က
မိုးစက်တွေတောင်
ကြွေကျတက်ခဲ့ပြီလေ
ခေါက်ရိုးကျိုးနေတဲ့စကား
ငါဆက်ပြီးပြောပါရစေလား
"သိပ်ချစ်တယ်"
ကောင်မလေးရေ
မင်းဟာငါ့အတွက်တော့
အရောင်အဆင်းကင်းမဲ့တဲ့
လ လေးတစင်းပါဘဲ---


(ရွှေထနောင်းစိုးပိုင်)