Wednesday, September 10, 2014

အမှုတော်ထမ်း (လျှို့ဝှက်လွမ်း)

အမှုတော်ထမ်း (လျှို့ဝှက်လွမ်း)

သန်းခေါင်ယံလွန်လို့
လင်းကြက်တွေ တွန်နေပါရောလား
အိပ်ချင်စိတ်တွေကို
အတွေးတွေက အနိုင်ယူရင်း
ဝေခွဲရခက်တဲ့ ပုစ္ဆာအချို့ကို
တစ်ပိုင်းတစ်စ အဖြေထုတ်နေမိတယ်
တစ်ခါတလေမှာတော့
ပါးပြင်လေး နွေးနွေးသွားတာကို
သတိမရတစ်ချက် ရတစ်ချက်ငါက
အမှတ်တမဲ့ သိလိုက်ရတယ်
အလွမ်းနဲ့စွန့်လွတ်ခြင်းနဲ့အကြား
ဗျာများနေမိတုန်း ချစ်သူသုံးတဲ့
စကားလုံး လှလှလေးတွေရဲ့ အနားမှာ
ဒူးထောက်လို့ ခ,စားလျှက်ပါ့ 

လျှို့ဝှက်လွမ်း