Tuesday, September 2, 2014

တမ်းတတယ်ဆိုသော်လည်း - မောင်သီ(မြိုင်)

တမ်းတတယ်ဆိုသော်လည်း

မိုးယံထက်က ကောင်းကင်မြင့်မှာ
ကြယ်စင်လေးတွေ
လင်းလက်ကာတောက်ပ
ဆွတ်ခူးပေးဖို့ ပူဆာတဲ့
ကလေးငယ်ကိုလည်း
အပြစ်မတင်ရက်
မရနိုင်ဘူးဆိုတာလဲ
သူမသိ
ကြယ်စင်လေးတွေ
လှလို့ လိုချင်တာလား
သူလိုချင်လို့များ လှနေတာလား
မစဉ်းစားချင်
အော်
ငါလည်းဘာထူးလို့ လဲ
မရနိုင်ဘူးဆိုတာသိပေမယ့်
မျော်လင့်ချက် တဲ့တဲ့လေးကို
ဆုပ်ကိုင်ရင်း နှလုံးသားကို
အလိုလိုက်မိ ခုတော့ကလေးငယ်နဲ့
ဘာထူးလို့လဲ

မောင်သီ(မြိုင်)