(ဝဋ်ရှိသမျှကျေပါစေ)
သိပ်ချစ်ကြပေမဲ့ အတူဆုံခွင့်မပြုသေးတဲ့
ကံကြမ္မာရဲ့ ကျီဇယ်မှု့အောက်မှာ
လွမ်းဆွတ်ယုံကလွဲ၍ ချစ်ရသူတွေ
ဘာတတ်နိုင်ဦးမှာလဲ?
ကံကြမ္မာရက်စက် လေသမျှ
အချစ်ဒဏ်ရာတွေ ငါ့ရင်ထဲမှာ
ပြည့်ကြပ်လျက် အသက်ပျင်းတွေ
အခါခါချရေးရင်း
ဟိုတချိန်က သူပေးခဲ့တဲ့
အနမ်းလှလှကို မြင်ယောင်နေမိ
နုတ်ဆက်တဲ့နေကျ ရုတ်တရက်ကျတဲ့
ပုလဲဥမျက်ရည်ကို ခပ်သွက်သွက်သုတ်ရင်း
သူပြောခဲ့တယ် မောင့်ကို အရမ်းချစ်တယ် တဲ့
ယနေ့တိုင် မေ့မရနိုင်ဘူး
အချစ်ဦးမို့ အလွမ်းတွေ ထူးနေသလို
ဝေဒနာဒဏ်ချက်ကလည်း
ခပ်ပြင်းပြင်းငါကို နှိပ်စက်နေပါပေါ့
ညီမရယ်
အမြန်ပြန်ဆုံတွေ့ခွင့်ကြုံဖို့
စိန္တေထံပါး မြဲခစား၍
နေ့စဉ်တောင်းဆု ခါခါပြုလျက်
လွမ်းသမျှပြေ အလွမ်းဝဋ်ကြွေး
ကျေပါရစေ ကျေပါရစေ---
(ရင်တွင်းဖြစ်)စိုင်းဟေမာန်
သိပ်ချစ်ကြပေမဲ့ အတူဆုံခွင့်မပြုသေးတဲ့
ကံကြမ္မာရဲ့ ကျီဇယ်မှု့အောက်မှာ
လွမ်းဆွတ်ယုံကလွဲ၍ ချစ်ရသူတွေ
ဘာတတ်နိုင်ဦးမှာလဲ?
ကံကြမ္မာရက်စက် လေသမျှ
အချစ်ဒဏ်ရာတွေ ငါ့ရင်ထဲမှာ
ပြည့်ကြပ်လျက် အသက်ပျင်းတွေ
အခါခါချရေးရင်း
ဟိုတချိန်က သူပေးခဲ့တဲ့
အနမ်းလှလှကို မြင်ယောင်နေမိ
နုတ်ဆက်တဲ့နေကျ ရုတ်တရက်ကျတဲ့
ပုလဲဥမျက်ရည်ကို ခပ်သွက်သွက်သုတ်ရင်း
သူပြောခဲ့တယ် မောင့်ကို အရမ်းချစ်တယ် တဲ့
ယနေ့တိုင် မေ့မရနိုင်ဘူး
အချစ်ဦးမို့ အလွမ်းတွေ ထူးနေသလို
ဝေဒနာဒဏ်ချက်ကလည်း
ခပ်ပြင်းပြင်းငါကို နှိပ်စက်နေပါပေါ့
ညီမရယ်
အမြန်ပြန်ဆုံတွေ့ခွင့်ကြုံဖို့
စိန္တေထံပါး မြဲခစား၍
နေ့စဉ်တောင်းဆု ခါခါပြုလျက်
လွမ်းသမျှပြေ အလွမ်းဝဋ်ကြွေး
ကျေပါရစေ ကျေပါရစေ---
(ရင်တွင်းဖြစ်)စိုင်းဟေမာန်