Tuesday, September 2, 2014

ပြုံးပါ.......... ​နောင်​ရိုး{​ကြောင်​စာ}

ပြုံးပါ

ပြုးံပါ........
မနက်​ခင်းဟာမင်းအတွက်
ငှက်​​က​လေး​တွေရဲ့​တေးဆိုသံ​တွေနဲ့
ချိုမြိန်​သာယာ​နေလိမ့်​မယ်​......။

ပြုံးပါ......
ည​နေခင်းဟာမင်းအတွက်
ဂီတသံစဉ်​​လေး​တွေနဲ့
သာယာငြိမ့်​​ညောင်း​နေ​စေလိမ့်​မယ်​...။

ပြုးံပါ......
ကမ္ဘာ​မြေကြီးဟာမင်းအတွက်
အလှဆုံးပန်းများဖူးပွင့်​​ဝေဆာ​စေလိမ့်​မယ်​...။

ပြုံးပါ......
ယှဉ်​ပြိုင်​မှုဟာမင်းအတွက်
ကံကြမ္မာနတ်​ဆိုး​တွေကို​အောင်​နိုင်​လိမ့်​မယ်​..။

ပြုံးပါ.....
လက်​ကျန်​မနက်​ဖြန်​​တွေဟာမင်းအတွက်
ခွန်​အားအသစ်​​တွေ​မွေးဖွား​ပေးလိမ့်​မယ်​....။
ပြုံးပါ..........

နောင်​ရိုး{​ကြောင်​စာ}