Tuesday, September 2, 2014

နွယ်တစ်မျှင် - N L W

နွယ်တစ်မျှင်

မင်းကိုတမ်းတ သမုဒယသံယောဇဉ်
နှောင်အဖွဲ့တွေနဲ့ ရစ်နှောင်ထားပေမဲ့
မင်း....ငါ့ရင်ခွင်ဆီက တိတ်တဆိတ်
ရုန်းထွက်သွားခဲ့

ငါမင်းကိုရစ်နှောင်ထားတဲ့
နှောင်ကြိုးလေးတစ်မျှင်က
ခိုင်မြဲမှုမရှိလို့
မင်းရုန်းထွက်သွားခဲ့တာလား
ချစ်သူ

မင်းကိုတယုတယ ပိုးချည်မျှင်လေးနဲ့
နှောင်ဖွဲ့ထားပေမဲ့လည်း မေတ္တာရောင်ပြန်
မဟပ်လာတဲ့နင့်ကို ငါ့ရင်ထဲက
အနက်ရှိုင်းဆုံးသမုဒယ ချစ်ခြင်းတွေ
မင်းဥပေက္ခာပြုနေကျ သောကမြစ်ထဲ
မင်းလွင့်မျောလိုက်ပြီပေါ့ ချစ်သူ

N L W