အချစ်ဦး...သို့..
♨ ♨ ♨ ♨ ♨
ရောင်ခြည် နေဦး မပွင့်ဖူးမီ
ဥဩက သံသာသီ
နွေဦးပေါက်ရာသီ...။
လွမ်းမောသည် တိတ်ကာလ
လ ဝတ်ရည် ဆမ်းတဲ့ညမှာ
လေပြေမြူးလို့ ပန်းတို့ဖူး
ပုရစ်ဖူးတို့ လှိုင်ခဲ့ပြီ...။
မေတ္တာယှက်လူး မြှားတံဦးက
ရင်ကိုစူး၍ ကျန်ခဲ့သည်...။
မေ့မရဘူး ထိုနွေဦး
အချစ်ဦးနှင့် ဆုံခဲ့သည်...။
ဥဩတွန်ကြူး သည်နွေဦး
အချစ်ဦးကို မျှော်မိသည်..။
ဪ...
လွမ်းစိတ်ရယ် ဗျာပွေလီကြောင့်
တမ်းတ၍ စာကိုချီသည်
သူသိဖို့ရည်....။
သူ့ရှင်{က လေး}
♨ ♨ ♨ ♨ ♨
ရောင်ခြည် နေဦး မပွင့်ဖူးမီ
ဥဩက သံသာသီ
နွေဦးပေါက်ရာသီ...။
လွမ်းမောသည် တိတ်ကာလ
လ ဝတ်ရည် ဆမ်းတဲ့ညမှာ
လေပြေမြူးလို့ ပန်းတို့ဖူး
ပုရစ်ဖူးတို့ လှိုင်ခဲ့ပြီ...။
မေတ္တာယှက်လူး မြှားတံဦးက
ရင်ကိုစူး၍ ကျန်ခဲ့သည်...။
မေ့မရဘူး ထိုနွေဦး
အချစ်ဦးနှင့် ဆုံခဲ့သည်...။
ဥဩတွန်ကြူး သည်နွေဦး
အချစ်ဦးကို မျှော်မိသည်..။
ဪ...
လွမ်းစိတ်ရယ် ဗျာပွေလီကြောင့်
တမ်းတ၍ စာကိုချီသည်
သူသိဖို့ရည်....။
သူ့ရှင်{က လေး}