''ONLY FOR YOU''
မင်းကိုချစ်တာ တစ်ခုတည်းနဲ့
ငါ့ဘဝကို လိုသလိုအသုံးချ
မင်းကြိုးဆွဲ လိုက်တိုင်း
ကပြ အသုံးတော်ခံရမယ့်
ရုပ်သေးရုပ် အဖြစ်ပါ
မင်းလိုအပ်ရင် အချိန်မရွေး
မလိုအပ်ရင် အဝေးဆုံးအထိ
ထားရာနေ စေရာသွား
မင်းရဲ့မျက်ဝန်း အရိပ်အကဲကို
ဘာသာပြန်တတ်ခဲ့ပြီ
မင်းအတွက်မွေးဖွားလာတဲ့
လူတစ်ယောက်အဖို့...
မင်းလက်ခုပ်ထဲကရေဆိုလဲ ဟုတ်တယ်
ပလိုင်းထဲက ဖားဆိုလဲ ဟုတ်တယ်
မင်းသွန်လိုရင်သွန် မှောက်လိုရင်မှောက်
ရိုက်ချင်ရင်ရိုက် စားချင်ရင်စားပေါ့
အရှုံးပေးတာကို သိလျက်နဲ့
အနိုင်ယူချင်သေးတယ်ဆိုရင်လဲ
ဟော့ဒီ့ ရင်ဘတ်ကို
အဆင်သင့်ဖွင့်ထားပေးပါ့မယ်
ဓါးထက်ထက် တစ်လက်နဲ့
မင်းကျေနပ်တဲ့အထိ
စိတ်ကြိုက် မွှေနှောက်ကစားလိုက်စမ်းပါ
မင်းပျော်မယ် ဆိုရင်ပေါ့...
ကျေနပ်စွာ ငါသေဝံ့တယ် ။။။
အောင်မျိုးချစ်(ပလက်ဝ)
မင်းကိုချစ်တာ တစ်ခုတည်းနဲ့
ငါ့ဘဝကို လိုသလိုအသုံးချ
မင်းကြိုးဆွဲ လိုက်တိုင်း
ကပြ အသုံးတော်ခံရမယ့်
ရုပ်သေးရုပ် အဖြစ်ပါ
မင်းလိုအပ်ရင် အချိန်မရွေး
မလိုအပ်ရင် အဝေးဆုံးအထိ
ထားရာနေ စေရာသွား
မင်းရဲ့မျက်ဝန်း အရိပ်အကဲကို
ဘာသာပြန်တတ်ခဲ့ပြီ
မင်းအတွက်မွေးဖွားလာတဲ့
လူတစ်ယောက်အဖို့...
မင်းလက်ခုပ်ထဲကရေဆိုလဲ ဟုတ်တယ်
ပလိုင်းထဲက ဖားဆိုလဲ ဟုတ်တယ်
မင်းသွန်လိုရင်သွန် မှောက်လိုရင်မှောက်
ရိုက်ချင်ရင်ရိုက် စားချင်ရင်စားပေါ့
အရှုံးပေးတာကို သိလျက်နဲ့
အနိုင်ယူချင်သေးတယ်ဆိုရင်လဲ
ဟော့ဒီ့ ရင်ဘတ်ကို
အဆင်သင့်ဖွင့်ထားပေးပါ့မယ်
ဓါးထက်ထက် တစ်လက်နဲ့
မင်းကျေနပ်တဲ့အထိ
စိတ်ကြိုက် မွှေနှောက်ကစားလိုက်စမ်းပါ
မင်းပျော်မယ် ဆိုရင်ပေါ့...
ကျေနပ်စွာ ငါသေဝံ့တယ် ။။။
အောင်မျိုးချစ်(ပလက်ဝ)