Monday, October 6, 2014

ကယောင်ကတမ်း ချစ်အိပ်တန်း (လျှို့ဝှက်လွမ်း)

ကယောင်ကတမ်း ချစ်အိပ်တန်း (လျှို့ဝှက်လွမ်း)

အချစ်တစ်ခုကို
အပြောင်းအလဲပြုချင်ပေမယ့်
တစ်ရစ်ထပ် ထပ်တိုးတဲ့
သံယောဇဉ်ကြိုးတွေကြောင့်
ငါ့မှာ အရူးမီးဝိုင်းခဲ့ရပြီ
နင့်ကိုပျော်စေချင်တာ
ငါ့ရဲ့ဆန္ဒအမှန်ပါချစ်သူ
နင်ပျော်ဖို့အတွက်
ငါ့ရင်ကို ကုစားရင်းနဲ့ပဲ
နင့်ရဲ့တုန့်ပြန်တဲ့ မေတ္တာလှိုင်းဟာ
အခုအချိန်အထိတောင်
အိပ်မောကျနေတုန်းလားချစ်သူရယ်
တစ်ရေးလောက်နိုးထပြီး
အိပ်ချင်ပြေပဲဖြစ်ဖြစ်
ငါ့အချစ်ကို လက္ခံပေးပါဦးဟာ့ 

လျှို့ဝှက်လွမ်း(မင်းလှ-ရေကျော်)