ဒီမှာ....ချစ်သူ
ငါ့လို မင်းအပေါ်နားလည်တဲ့
အချစ်မျိုး ကမ္ဘာမှာနင်ရှာကြည့်
တစ်နေ ဝင်တစ်မိုးချုပ်လို့ 
ထမင်းထုတ်သာသိုးသွားမယ်
ငါ့လို လူမျိုးတွေ့မှာမဟုတ်ပါဘူး
အခုတော့ နင့်ကြောင့်
နွေတစ်ရာအပူနှယ် ဝေဒနာတွေ ရင်မှာဗလောင်ဆူနေတာ
ကြင်နာသူမင်းအား သိလေမလား
အကြင်နာစစ်နဲ့ ရင်မှာချစ်တာမို့
နင့်ကို ငါလေ...သိပ်ချစ်လဲ
သိက္ခာတရားရင်ဝယ်ထားတဲ့ မိန်းကလေးတစ်ယောက်မို့ 
မာနမျက်ရည် ပင်လယ်ဝေလည်း
အံကို တင်းလျက်ကျိတ်ကာငိုမယ်
မင်းကိုတော့
ငါ့ဘက်ကစ၍ ပြန်မချစ်ရဲ့တော့ဘူး ။
ပြည်မြို့  စိုင်းနော်ခမ်း
( Ni Ni )
5* 10* 2014
ငါ့လို မင်းအပေါ်နားလည်တဲ့
အချစ်မျိုး ကမ္ဘာမှာနင်ရှာကြည့်
တစ်နေ ဝင်တစ်မိုးချုပ်လို့ 
ထမင်းထုတ်သာသိုးသွားမယ်
ငါ့လို လူမျိုးတွေ့မှာမဟုတ်ပါဘူး
အခုတော့ နင့်ကြောင့်
နွေတစ်ရာအပူနှယ် ဝေဒနာတွေ ရင်မှာဗလောင်ဆူနေတာ
ကြင်နာသူမင်းအား သိလေမလား
အကြင်နာစစ်နဲ့ ရင်မှာချစ်တာမို့
နင့်ကို ငါလေ...သိပ်ချစ်လဲ
သိက္ခာတရားရင်ဝယ်ထားတဲ့ မိန်းကလေးတစ်ယောက်မို့ 
မာနမျက်ရည် ပင်လယ်ဝေလည်း
အံကို တင်းလျက်ကျိတ်ကာငိုမယ်
မင်းကိုတော့
ငါ့ဘက်ကစ၍ ပြန်မချစ်ရဲ့တော့ဘူး ။
ပြည်မြို့  စိုင်းနော်ခမ်း
( Ni Ni )
5* 10* 2014