အတွေ့အကြုံထဲမှ အတွေးအမြင်များ ( ၂ )
မကောင်းသောအရာတစ်ခုကို မကောင်းမှန်းသိသည့်အတွက်
မိမိရဲ့စိတ်ကို အနိုင်ပိုင်း ထိန်းချုပ်ပြီး
လုံးဝမလုပ်ပဲ စွန့်လွှတ်နိုင်သော လူတစ်ယောက်ကို
"သတ္တိမရှိတဲ့ကောင်"ဟု အချို့က
နာမည်တပ်ချင်ကြသည်။
အမှန်တော့ ထိုသို့စွန့်လွှတ်နိုင်သောသူသည်
သတ္တိမရှိသောသူမဟုတ် l
အခြားသူတွေထက် ပို၍ သတ္တိရှိသောသူ ဖြစ်ပါ၏။
အဘယ့်ကြောင့်ဆိုသော် လူများစွာတို့
မကောင်းမှန်းသိသိကြီးနဲ့ မစွန့်လွှတ်နိုင်သော အရာတစ်ခုကို
ထိုသူက အဇ္ဈတ္တတိုက်ပွဲဟု ဆိုအပ်သော
မိမိစိတ်ကို အနိုင်တိုက်ကာ
သတ္တိရှိရှိဖြင့်
စွန့်လွှတ်ပြနိုင်သောကြောင့်ဖြစ်၏။
အရှင်ဥတ္တရ - ပြည်