အသဲကွဲရမှာလား
လမ်းခွဲကြမယ်တဲ့...
ရင်ထဲမှာရုန်းရင်းဆန်ခတ်ဖြစ်သွားတယ်
သစ္စာမရှိတဲ့မိန်းမလို့ပြောရအောင်
ဘယ်မှာလဲ...
ငါတို့နှစ်ယောက်ရဲ့သစ္စာတွေ
နားလည်မှုတွေနဲ့
သံယောဇဉ်တွေဖြစ်ခဲ့ကြတာပါ
အချိန်တွေသာကုန်ခဲ့ရတယ်
မရင့်ကျက်ခဲ့ကြဘူးနော်
လွမ်းစရာကိုနာစရာနဲ့ဖြေရအောင်
နင်ဘာလုပ်လုပ် ငါကမှ
မနာကျည်းခဲ့တာ ငါဘာနဲ့ဖြေသိမ့်ရမှာလဲ
တကယ်ဆိုရင်...
နင့်ကိုလွမ်းတဲ့အခါ
ဘယ်လိုဖြေရမလဲဆိုတာတော့
နင်သင်ပေးခဲ့ဖို့ကောင်းပါတယ်
အခုတော့ လမ်းခွဲကြမယ်တဲ့။
(ဆောင်းဦးနွေ-ထုံးဘို)
လမ်းခွဲကြမယ်တဲ့...
ရင်ထဲမှာရုန်းရင်းဆန်ခတ်ဖြစ်သွားတယ်
သစ္စာမရှိတဲ့မိန်းမလို့ပြောရအောင်
ဘယ်မှာလဲ...
ငါတို့နှစ်ယောက်ရဲ့သစ္စာတွေ
နားလည်မှုတွေနဲ့
သံယောဇဉ်တွေဖြစ်ခဲ့ကြတာပါ
အချိန်တွေသာကုန်ခဲ့ရတယ်
မရင့်ကျက်ခဲ့ကြဘူးနော်
လွမ်းစရာကိုနာစရာနဲ့ဖြေရအောင်
နင်ဘာလုပ်လုပ် ငါကမှ
မနာကျည်းခဲ့တာ ငါဘာနဲ့ဖြေသိမ့်ရမှာလဲ
တကယ်ဆိုရင်...
နင့်ကိုလွမ်းတဲ့အခါ
ဘယ်လိုဖြေရမလဲဆိုတာတော့
နင်သင်ပေးခဲ့ဖို့ကောင်းပါတယ်
အခုတော့ လမ်းခွဲကြမယ်တဲ့။
(ဆောင်းဦးနွေ-ထုံးဘို)