ထွက်သွားပေးပါ
တစ်ချိန်က...
ငါမခေါ်ပဲနင်လာခဲ့တာပါ
အခုလည်း...
ငါမနှင်ပဲနင်ပြန်ဖို့သင့်နေပါပြီ
နင်စဉ်းစားကြည့်နော်
နင်ဝင်လာခဲ့စဉ်ကတည်းက
ရင်ခွင်ဟာခြောက်သွေ့ခဲ့ရတယ်
ခုချိန်ထိဆိုပါတော့...။
နင်စဉ်းစားကြည့်နော်
နင်ဝင်လာခဲ့စဉ်ကတည်းက
ငါ့ပိုင်ဆိုင်မှုအားလုံးနင့်ကိုပေးခဲ့တာပါ
အချစ် အချိန် အလွမ်း အဆွေး
အကုန်လုံး အကုန်လုံးပါပဲ။
နင်စဉ်းစားကြည့်နော်
ဒါတောင် ငါ့ရင်ခွင်ကိုခြေစုံကန်ပြီး
ရင်ခွင်သစ်မှာပျော်ဖို့နင်ကြိုးစားခဲ့တယ်။
ဒါကြောင့် နင်ထွက်သွားပေးပါ
ငါနဲ့အဝေးဆုံးတစ်နေရာကို
နင်ထွက်သွားပေးပါ။
(ဆောင်းဦးနွေ-ထုံးဘို)
တစ်ချိန်က...
ငါမခေါ်ပဲနင်လာခဲ့တာပါ
အခုလည်း...
ငါမနှင်ပဲနင်ပြန်ဖို့သင့်နေပါပြီ
နင်စဉ်းစားကြည့်နော်
နင်ဝင်လာခဲ့စဉ်ကတည်းက
ရင်ခွင်ဟာခြောက်သွေ့ခဲ့ရတယ်
ခုချိန်ထိဆိုပါတော့...။
နင်စဉ်းစားကြည့်နော်
နင်ဝင်လာခဲ့စဉ်ကတည်းက
ငါ့ပိုင်ဆိုင်မှုအားလုံးနင့်ကိုပေးခဲ့တာပါ
အချစ် အချိန် အလွမ်း အဆွေး
အကုန်လုံး အကုန်လုံးပါပဲ။
နင်စဉ်းစားကြည့်နော်
ဒါတောင် ငါ့ရင်ခွင်ကိုခြေစုံကန်ပြီး
ရင်ခွင်သစ်မှာပျော်ဖို့နင်ကြိုးစားခဲ့တယ်။
ဒါကြောင့် နင်ထွက်သွားပေးပါ
ငါနဲ့အဝေးဆုံးတစ်နေရာကို
နင်ထွက်သွားပေးပါ။
(ဆောင်းဦးနွေ-ထုံးဘို)