ရင်နာနာနဲ့ တို့နှစ်ယောက်ဘဝ
နှစ်ခုထပ်တူပြုလို့ မရဘူးလို့
ချစ်သူ...နင်ပြောတုန်းကလည်း
ရင်နာနာနဲ့ ခေါင်းညိတ်ခဲ့ရတယ်။
လမ်းမှာတွေ့လည်း ပြုံး၍မပြ
မတွေ့သလို နှုတ်မဆို လှည့်မကြည့်လဲ
မချိရင်ကြောင့် ငါ့ကတော့
ရင်နာနာနဲ့ ကြည့်မိပြန်တယ် ။
နောင်တချိန်
အခြားတစ်ယောက်
အသစ်ပြောင်းလဲချစ်လည်း
ငါ့ကတော့ နင်ကို
ရင်နာနာနဲ့ ချစ်နေအုံးမှာပါ။
ချစ်သူ
တကယ်မဟုတ် ဟန်လုပ်ကာ မင်အပေါ်စိမ်းပေမယ့်
အဟုတ်အမှန်ကတော့
မင်းကို ချစ်တာ
အစစ်အမှန်ပါလေ.....။
ပြည်မြို့  စိုင်းနော်ခမ်း
(NiNi ) 7 *10*2014
နှစ်ခုထပ်တူပြုလို့ မရဘူးလို့
ချစ်သူ...နင်ပြောတုန်းကလည်း
ရင်နာနာနဲ့ ခေါင်းညိတ်ခဲ့ရတယ်။
လမ်းမှာတွေ့လည်း ပြုံး၍မပြ
မတွေ့သလို နှုတ်မဆို လှည့်မကြည့်လဲ
မချိရင်ကြောင့် ငါ့ကတော့
ရင်နာနာနဲ့ ကြည့်မိပြန်တယ် ။
နောင်တချိန်
အခြားတစ်ယောက်
အသစ်ပြောင်းလဲချစ်လည်း
ငါ့ကတော့ နင်ကို
ရင်နာနာနဲ့ ချစ်နေအုံးမှာပါ။
ချစ်သူ
တကယ်မဟုတ် ဟန်လုပ်ကာ မင်အပေါ်စိမ်းပေမယ့်
အဟုတ်အမှန်ကတော့
မင်းကို ချစ်တာ
အစစ်အမှန်ပါလေ.....။
ပြည်မြို့  စိုင်းနော်ခမ်း
(NiNi ) 7 *10*2014