ဝမ်းနည်းနေ့ရက်
ရက်စက်တဲ့ မုန်တိုင်းရယ်...
သဘာဝတရား လို့ဆိုရလေမလား..
ကပ်ဆိုးတစ်ခုလို့ ပြောရလေမလား...
သစ်ပင်တောတောင် လျော့ပါးသွားလို့ ဆိုရလေမလား...
မထင်မှတ်ပဲ ခဏလေးမှာ
တိုက်ခတ်ခဲ့တဲ့ လေလေးတစ်ချက်ကြောင့်
မယုံနိုင်အောင် ဖြစ်ခဲ့ရတယ်... ငိုချင်လောက်အောင်ကြေကွဲခဲ့ရပေါ့...
သဘာဝတရား တွေကပြောင်းပြန်
ရာသီဥတုတွေကမှန် အတိတ်ကကံလို့ဆိုရလေမလား,,,
အရာအားလုံးဟာ ဖြစ်တတ်တဲ့သဘော အရာအားလုံးဟာ ပျက်တတ်တဲ့သဘောလို့ သတိတရား လက်ကိုင်ထားလို့ သံသရာခရီးကို အသိတရားရှိရှိထားကာ
ခရီးဆက်နိုင်ကြပါစေ.....
@thar phaw