Monday, August 4, 2014

ကို​ဒေါသ ... သူ့ရှင်(ကလေး)

" ကို​ဒေါသ ...

ဒီမှာ ကို​ဒေါသ
တဆိတ်​​တော့လွန်​လှပြီထင်
မင်းအဖ မင့်းမိခင်
ညီအစ်​ကို သားချင်း
ငဲ့ညှာချင်းမျှ မရှိ​တော့ ..။

ဆိုလိုက်​တဲ့ စကား
နားဖြင့်​မျှ မနာသာ
အမနာပါ စကား
မင်း ...
ပြောရက်​​လေအားသည်​။

"သိန်းရာချီ တန်​ချီတဲ့ပစ္စည်း
က​လေးကစားရာပစ္စည်းလို
မင်း​​​လေချိုးဖျက်
လွန်​လွန်းရက်​​လေသူ...´´။

ဒေါသ​တွေ ​ပြေ​လျော့မှ
ကိုယ့်​အမှား ကိုယ်​မြင်
ပြုပြင်​ချင်​​ပေမဲ့
ကိစ္စကားပြီးခဲ့ပြီ
လွန်​​လေပြီ .ထိုနောင်​တ
နောင်​မှရ ပူရသူ
လွမ်းမျက်​ရည်​ တလူလူနဲ့..။

မင်း​ကြောင့်​ပဲ ရင်​​တွေပူ
ဘဝင်​ဆူ ​သွေးကြွလို့
မိတ်​ချင်းလဲ ကွဲရ
ဒုက္ခလည်း ခဏခဏ​ပေါ့ ..။

ကိုယ့်​ထက်​သာ
သာသူ​တွေ့လျှင်
မုဒိတာ လွန်​စွာပွား
ဖြစ်​မဲ့စား ဣဿာ​တွေ
မနာလို ရန်​​ကြွေး
အာဃာတ အငြှိုးအ​တေးတို့
လွန်​စွာ​ပေါ ​ကျောလှ​ပသေူ ...။

ဒီမှာ ..ကို​ဒေါသ
မေတ္တာ​ရေ စို​ပြေတဲ့ ..ဒို့ဘဝ
မေတ္တာ​ရေ စို​ပြေတဲ့..ဒို့မိသားစု
မေတ္တာ​ရေ စို​ပြေတဲ့..ဒို့ရွာ
မေတ္တာ​ရေ စို​ပြေတဲ့.. ဒို့ကမ္ဘာ
သာယာလှသည်​မို့ ....
ပျော်​ရွှင်​ရသည်​မို့ ....
အပူ​တွေသယ်​လာတတ်​သူ မင်း
ရင်​ထဲမှ...​ဝေးရာ​ဝေးရာဆီသို့....

သူ့ရှင်(ကလေး)