Monday, August 4, 2014

ကျွန်တော်တင်တဲ့ ရွှေမင်းသမီး ( သက်ပိုင် )

" ကျွန်တော်တင်တဲ့ ရွှေမင်းသမီး"

စီးဝါးအစ ကကြိုးသွယ်သွယ်
မြတ်နိုးကြင်နာ သင်ပြခါဖြင့်
မဟာသဘင်မှာ ကျွန်တော်တင်တဲ့ ရွှေမင်းသမီးရေးးး

ပျော်ရွှင်ဖွယ်ရာ ညကမ္ဘာလယ်မှာ
တင့်တယ်စွာ ကပြသရုပ်ဆောင်တဲ့
ပြည်ချစ်မင်းသမီး သုန္ဒရီ ။

သတိရတန်ကောင်းပါရဲ့
`` ဒီလို က။ဒီလို ဆို။
ဒီလို တီးပါလို့"
သင်ကာခင်ရှာတဲ့
ဆောင်းသ္မားတစ်ယောက်ကိုလေ။

ပရိသတ် လက်ခုပ်သံနဲ့
ရောင်စုံမီးတွေကြားမှာ
ရစ်မူးမှားရင်ဖြင့်
လေဟပ်ခံရတဲ့ ပဒုမ္မာကြာလို
မောင့်ရင်အသဲတွေလည်း
တလှပ်လှပ်နဲ့ ရင်မောရပါတယ်
ရွှေသုန္ဒရီရယ်။ ။ ။

ကိုယ်တိုင်စိုက်ပျိုး
ပန်းအလှမျိုးကို
မြတ်နိုးစွာပန်ချင်ပေမယ့်
အခက်ချိုးကါမဝံ့ရဲတဲ့
ဥယျာဉ်မှူးဘဝလို

နီးလျှက်နဲ့ ဒီဘဝမှာ
ဝေးကြရင်ဖြင့် ဒုက္ခမီးတွေပဲ
ကြီးစွာဖိစီးတော့မပေါ့
ရွှေသုန္ဒရီရယ်းးးးးးး

အော် ...အပြစ်မတင်ရက်ပါဘူး
ချစ်ကြင်နာသူ
တစ်ယောက်အဖြစ်မို့
မေတ္တာစဉ်ကာ ပို့လိုက်ပါတယ်
" ဘဝလမ်း ချမ်းမြေ့ပါစေ"
ကျွန်တော်တင်တဲ့းးးး
ရွှေမင်းသမီးရေ ။ ။ ။

သက်ပိုင်