Monday, August 4, 2014

မှင်ကုန်တဲ့ ဖောင်တိန် ( သက်ပိုင် )

မှင်ကုန်တဲ့ ဖောင်တိန်

မှင်ကုန်သွားတဲ့
ဖောင်တိန်တစ်ချောင်း တဲ့ ။
မဲ့ရွဲ့ကာစွန့်ပစ်ရက်တယ်...။

နင်ပညာတွေ သင်တုန်းက
နင်သင်တန်းတွေ တက်တုန်းက
နင်ကုမ္မဏီမှာ
အလုပ်လျှောက်တုန်းက
နင့်အချစ်တွေ စာဖွဲ့တုန်းက
နင့်အလွမ်းတွေ ထွေးအန်တုန်းက
ငါ....
အစွမ်းကုန်ပေးဆပ်ခဲ့ဖူးတယ် ။

အိုမင်းလို့ဟောင်းနွမ်း
အားအင်တွေ ကုန်ခမ်း
ပေးဆပ်မှု့တွေရပ်တန့်သွားတော့။
နင်က စွန့်ပစ်လိုက်ပေါ့ ဟာ
ရက်စက်တယ် မဆိုဝံ့ပါဘူး
သိမ်းဆည်းထားရင်
ဝန်လေးနေမလား ?

ငါပြုဖူးတဲ့ ကျေးဇူးတရား
သိများ သိတတ်ခဲ့ရင်
မြောင်းထဲရောက်သွားတဲ့
ငါ့ဘဝ
ပြုံးပြနေပါသေးတယ် ။ ။ ။

သက်ပိုင်