Monday, August 4, 2014

သောနုတ္တိုရ် လျှောက်ခန်း ( သက်ပိုင် )

သောနုတ္တိုရ် လျှောက်ခန်း

အစွယ်လိုသူက မိဖုဘုရား
စေခိုင်းသူက မင်းဧကရာဇ်
မြှားပစ်မိသူက ဘုရားကျွန်တော်
ထားရင်လဲ နေရမှာပါ
သတ်ရင်လဲ သေရမှာပါ ။ ။

ပန်ဆင်လိုသူက နှလုံးသား
စေခိုင်းသူက အချစ်ဘုရင်
ဖွင့်ဟမိသူက ဘုရားကျွန်တော်
သခင်
ထားရင်လဲ နေရမှာပါ
သတ်ရင်လဲ သေရမှာပါ ။ ။

သက်ပိုင်